50MP ကင်မရာ ၄ လုံးနဲ့ live vlogger တွေအကြိုက် OPPO ဖုန်း
တမေ့တမော Live လွှင့်တဲ့သူတွေ သုံးသင့်တဲ့ဖုန်းပါ။
OPPO Reno 14 Pro မှာက ၅ နာရီ တောက်လျှောက် Live လွှင့်နိုင်တဲ့ 6200 mAh ဘက်ထရီပါမယ်။ Charging support က 80W Wired နဲ့ 50W wireless ဆိုတော့ အတော်လေး အားသွင်းရမြန်ပါမယ်။
Live လွှင့်ရင်း ဖုန်းမပူအောင် ကျောဘက်မှာ ကလစ်တွဲနိုင်တဲ့ active cooler နဲ့ 20,000 mAh Power Bank တစ်ခုလည်း ထုတ်ထားတာ ရှိပါတယ်။ နောက်ထူးခြားချက်က MediaTek ရဲ့ ဝက်ဘ်ဆိုက်မှာတောင် မကြေညာရသေးတဲ့ Dimensity 8450 SoC သစ်နဲ့ လာတာပါ။
သုံးထားတဲ့ ကင်မရာအကုန်လုံးကလည်း 50MP sensor တွေချည်းပါပဲ။ ကျောဘက် lens တွေက 50MP main (f/1.8 , OIS) ၊ 50MP Ultrawide (၁၁၆ ဒီဂရီ wide , AF) နဲ့ 50MP 85mm periscope (3.5x optical zoom, OIS) တွေ ဖြစ်ပြီး ရှေ့ Selfie က 50MP f/2.0 lens နဲ့ လာတာပါ။
ရှေ့နောက်ကင်မရာအကုန်လုံးကလည်း 4K videos တွေကို 60fps နဲ့ ရိုက်နိုင်သလို နောက်ကင်မရာတွေမှာက အတော်မိုက်တဲ့ Stabilization feature ပါထားပါတယ်။ မိုက်ခရိုဖုန်း ၃ လုံးစလုံးက ဆူညံသံစစ်ထုတ်မှု ၉၀% ပေးနိုင်တာ ၊ color temperature sensor က color auto ပြင်ပေးတာမျိုး တော်တော်လန်းတဲ့ features တွေ ပါပါတယ်။
IP69 rating ဖုန်း ဖြစ်လို့ ရေဒဏ်မကြောက်ရသလို ရေအောက်မှာတောင် ဓါတ်ပုံရိုက်နိုင်ပါလိမ့်မယ်။ 1272p 120Hz အကြီးစား ၆.၈၃ လက်မ display သုံး OPPO Reno 14 Pro ကို အနိမ့်ဆုံး 12/256GB မော်ဒယ်ကနေ 16GB/1TB အထိ ထုတ်ထားပါတယ်။
တရုတ်ဈေးကွက်မှာ 12/256GB ဗားရှင်းကို ယွမ် ၃၅၀၀ (မြန်မာငွေ ၂၁ သိန်းနီးပါး) ဈေးကနေ အမြင့်ဆုံး 16GB/1TB ကို ယွမ် ၄၅၀၀ (မြန်မာငွေ ၂၇ သိန်း) ဈေးနဲ့ Pre-Order ရနေပြီလို့ ဆိုပါတယ်
