8 w - Translate

Quality ဇယားမှာ အောက်ဆုံး ရောက်သွားတဲ့ Xiaomi ကား

Xiaomi SU7 တွေက အရောင်းသွက်သလောက် Quality ဇယားမှာ အောက်ဆုံးရောက်နေပါတယ်။

China Automobile Quality Network က သတ်မှတ်တဲ့ Quality Ranging မှာ SU7 က တရုတ်မော်ဒယ် ၂၉ ခုမှာ အောက်ဆုံးက ရှိနေလို့ပါ။ တရုတ်နိုင်ငံရဲ့ အကြီးစားဘက်ထရီသုံး လျှပ်စစ်ဆီဒင် BEV ကားအရည်အသွေး သတ်မှတ်ချက် 2025 Q1 မှာ Xiaomi SU7 ရဲ့ ပြစ်ချက်ရမှတ် ၂၃၉ မှတ်တောင် ရထားပါတယ်။

ပြစ်ချက် penalty point များတာက ကားအရည်အသွေး ranking နိမ့်တာနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ Xiaomi SU7 က BEV ဆီဒင်တန်းရဲ့ ပျမ်းမျှ performance ထက် ၅၆ မှတ်တောင် ပိုများနေတာပါ။ ဒါက ဘာကို ပြောနေလဲဆိုရင် SU7 တွေက ချို့ယွင်းချက်များနိုင်တယ် ၊ ဝယ်သူမကျေနပ်ချက်အချိုး မြင့်တယ် ဆိုတာပါပဲ။

တရုတ် BEV တန်းမှာ Quality အမြင့်ဆုံးကားတွေအဖြစ် GAC Hyptec GT ဆီဒင် (၁၄၉ မှတ်) ၊ Voyah Passion (၁၅၂ မှတ်) နဲ့ Avatr 12 (၁၅၃ မှတ်) တို့က ဦးဆောင်နေပါတယ်။ Xiaomi က ဒီနှစ် ဇန်နဝါရီကနေ ဧပြီလအထိ SU7 အစီးရေ ၁၀၄၄၅၄ စီး ရောင်းရပေမယ့် Quality အနိမ့်ဆုံးတန်းမှာ ရောက်နေတာပါ။

image