8 ပတ် - ဘာသာပြန်ပါ။

၁၈ နှစ် မပြည့်သေးရင် တရားအားထုတ်ခိုင်းမယ့် TikTok
ကလေးတွေ Social Media ကြောင့် ဘာဖြစ်တယ် ညာဖြစ်တယ်တွေ ပြောနေလို့ ထင်ပါတယ်။
TikTok က သူ့ ပလက်ဖောင်းသုံးတဲ့ ၁၈ နှစ်အောက်တွေကို တရားအားထုတ်နည်းပေးပြီး ထိန်းဖို့ လုပ်နေပါတယ်။ Mental Health ကောင်းအောင် ဆိုပြီး app ထဲမှာတင် Meditation လမ်းညွှန်ထည့်ပေးပြီး စိတ်ပိုင်းဖွံ့ဖြိုးရေး အားပေးသွားမယ်လို့ ပြောပါတယ်။
ဆယ်ကျော်သက်တွေအတွက် Meditation feature ကို TikTok က users တချို့နဲ့ စမ်းတောင် စမ်းနေပါပြီ။ မကြာခင် အရွယ်သုံးပါး သုံးနိုင်တော့မှာပါ။ ဘာထူးခြားလဲဆိုရင် ည ၁၀ နာရီနောက်ပိုင်း ၁၈ နှစ်မပြည့်သေးတဲ့ ကလေးတွေ TikTok သုံးရင် For You ဆိုတဲ့ feed မှာ ရှုသွင်းရှုထုတ် တရားထိုင်နည်းတွေ ပေးပါလိမ့်မယ်။
ဒါကို ဂရုမစိုက်ဘဲ TikTok ဆက်သုံးနေရင် နောက်တစ်ချိန် တရားထိုင်ဖို့ အသိပေးတဲ့ prompt တက်လာမှာပါ။ အဲ့ဒီအချိန်မှာ တရားမထိုင်ချင်ရင်တော့ အိပ်ရာဝင်လိုက်ဖို့ပဲ ရှိတော့မှာပါ။
TikTok ကြောင့် ကလေးတွေ Social Media စွဲလန်းတာ ၊ စိတ်ဓါတ်ကျတာ နဲ့ အိပ်ရေးပျက်တာတွေ ဆက်စပ်နေတယ်ဆိုပြီး တရားစွဲတာတွေ ရှိချိန်မှာ ဒီ feature ပေါ်လာတာ ဖြစ်ပြီး အိမ်ကလူကြီးတွေ အကြိုက်တွေ့ပါလိမ့်မယ်။

image