8 ပတ် - ဘာသာပြန်ပါ။

ကစားသမားဘ၀က အနားယူပြီးမှ ဘာာကာရဲ့ ကမ်းလှမ်းမှုရောက်လာလို့ မြက်ခင်းစိမ်းထဲ ပြန်ရောက်ခဲ့တဲ့ ဆက်ဇနီတယောက် ဘာကာနဲ့အတူ ပြည်တွင်းဖလားတွေအားလုံးဆွတ်ခူးနိုင်ခဲ့ပါပြီ။ ညက လာလီဂါဖလားကို ရယူပြီးတဲ့နောက်မှာ သူ ဆေးပြင်းလိပ်ကြီးခဲပြီးတော့ အောင်ပွဲခံခဲ့ပါတယ်။

ကစားသမားဘ၀အနားယူပြီးလို့ သူက စီးကရက်တွေပါ သောက်ပြီး ဘ၀ကို ပျော်ပျော်ကြီးဖြတ်သန်းဖို့ လုပ်နေတာပါ။ ဒါပေမယ့် တကျော့ပြန်ကစားခဲ့ရပြီး ကြီးမားတဲ့ အောင်မြင်မှုတွေကို ရယူနိုင်ခဲ့ပါတယ်။ ဒါမို့လည်း အဝတ်လဲခန်းထဲမှာ မိန့်မိန့်ကြီးထိုင်ကာ ဆေးပြင်းလိပ်ခဲနေခဲ့တာပါ။

ဘာကာအတွက်လည်း သူ လက်စွမ်းပြနိုင်ခဲ့ပြီး ရှုံးပွဲမရှိခဲ့တဲ့ ပွဲဆက်တိုက်ကလည်း မနည်းဘူး။ တာစတီဂန် ဒဏ်ရာက ပြန်သက်သာလာချိန်တောင် ဟန်ဆီဖလစ်က သူ့ကိုပဲ ကစားစေခဲ့တဲ့အထိ ဆက်ဇနီက လက်စွမ်းပြနိုင်ခဲ့တာပါ။

image