မူးယစ်ဆေး၊ လိင်ကိစ္စတွေနဲ့
ရန်ကုန်မြို့ကြီးရဲ့ အခြားသောစာမျက်နှာကို
ဖြတ်သန်းခဲ့တဲ့လူငယ်တစ်ယောက်
သူ့ရဲ့စိတ်ခံစားချက်တွေ ၊ မိသားစု၊
အမျိုးသမီးတစ်ယောက်နဲ့ အထီးကျန်ခြင်းတွေ
စိတ်ထွက်ပေါက်နဲ့ သီချင်းတွေအကြောင်း
ပတ်သတ်ခဲ့ရတဲ့လူတွေ ၊
ဖြတ်သန်းခဲ့ရတဲ့လမ်းမတွေပေါ်က
မူးယစ်ဆေးရွှေ့ခဲ့တဲ့ အလုပ်တွေနဲ့
ပတ်သက်ရာ ပတ်သက်ကြောင်းတွေ . . .
လမ်းပေါ်က တကယ့်ဘဝတွေ
မြို့ပြဆင်ခြေဖုံးရဲ့ စရိုက်လက္ခဏာတွေနဲ့
မူးယစ်ဆေးလောကတွေအကြောင်းကို
နားစွန်နားဖျားသာ ကြားဖူးသူဆိုရင်တော့
ဒီစာအုပ်ထဲက အကြောင်းအရာတွေဟာ
အတော့်ကို စိတ်ဝင်စားစရာကောင်းနေမှာပါ။
တကိုယ်ရည်ခံစားမှုအနေနဲ့ကတော့
မုန့်လုံးစက္ကူကပ် ရိုးအီနေတဲ့
သာမန်ဇာတ်လမ်းဇာတ်အိမ်တွေထဲကနေ
သိသိသာသာ ကွဲထွက်နေပြီး
Day One ကနေ အဆုံးသတ်လိုင်းတွေထိ
စာဖတ်သူတွေကို မျောနေအောင်
ဆွဲခေါ်သွားနိုင်တဲ့ စာအုပ်တစ်အုပ်ပါ ။
×××
တကယ်တမ်းပြောရရင်
ကိုယ့်အတွက် ဘာမှ မလိုအပ်တော့ဘူး။
ကိုယ့်တစ်ကိုယ်ရည်စာ
တောက်ပစွတ်စိုဖို့အတွက်
လုံလောက်တဲ့အမှားတွေလည်း
ကိုယ့်ဆီမှာ ရှိနှင့်နေခဲ့ရပါပြီ။
ရှေ့ဆက်ပြီးလည်း တစ်ခုခုကို
ယုံကြည်စွာနဲ့ ကိုယ်ဟာ မှားယွင်းနေမိဦးမှာပဲ။
အရာအားလုံးဟာ အေးမြနေရင်
ဘဝဆိုတာ ဘယ်လိုလုပ် ရှိလာတော့မလဲပေါ့။
ရှင်သန်နေရတဲ့ ဘဝမှာက
ကိုယ့်အဓိပ္ပာယ်တွေနဲ့ကိုယ်
နေသားတကျနေထိုင်နေနိုင်ဖို့ပဲ
အရေးကြီးတာ မဟုတ်လား ။ ။
• ချစ်မင်းဝေ (Chucky) •
