#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ရွေးကောက်ပွဲ ယှဉ်ပြိုင်ရေးကြိုးပမ်းမှု ယာယီသမ္မတ ဟန်ဒက်ခ်ဆိုး ရပ်ဆိုင်း
တောင်ကိုရီးယားဝန်ကြီးချုပ်ဟောင်းနှင့် ယာယီသမ္မတဟောင်း ဟန်ဒက်ခ်ဆိုးသည် သမ္မတရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ရေး ကြိုးပမ်းမှုများကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း မေ ၁၁ ရက်သတင်းများတွင် ရေးသားတင်ပြထားသည်။
မေ ၁၁ ရက်တွင် ကျင်းပခဲ့သော ကွန်ဆာဗေးတစ်ပြည်သူ့အာဏာပါတီ ပါတီကိုယ်စားပြု သမ္မတလောင်းရွေးချယ်ပွဲ၌ အရေးနိမ့်ခဲ့ရပြီးနောက် သမ္မတရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ရန် ကြိုးပမ်းမှုများကိုဟန်ဒက်ခ်ဆိုးက အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။
ပါတီကိုယ်စားပြု သမ္မတလောင်းရွေးချယ်ပွဲတွင် ပြည်သူ့အာဏာပါတီသည် ဟန်ဒက်ခ်ဆိုး၏ ပြိုင်ဘက်ကင်မ်မွန်ဆိုးကို ပါတီကိုယ်စားပြုသမ္မတလောင်းအဖြစ်ရွေးချယ်ခဲ့သည်။
တောင်ကိုရီးယားဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးက သမ္မတဟောင်းယွန်းဆွတ်ယိုးကို စစ်အုပ်ချုပ်ရေးဥပဒေကြေညာမှုဖြင့် ရာထူးမှဖယ်ရှားခဲ့ပြီးနောက် တောင်ကိုရီးယားနိုင်ငံသည် သမ္မတ ရွေးကောက်ပွဲသစ်ကိုယခုနှစ် ဇွန် ၃ ရက်တွင် ကျင်းပရန်စီစဉ်ထားသည်။
ဇွန် ၃ ရက် သမ္မတရွေးကောက်ပွဲတွင် ပြည် သူ့အာဏာပါတီ သမ္မတလောင်း ကင်မ်မွန်ဆိုးသည် အတိုက်အခံလစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြုသမ္မတလောင်း လီဂျေးမြောင်နှင့် အဓိက ယှဉ်ပြိုင်ရမည်ဖြစ်သည်။
လူထုသဘောထားစစ်တမ်းကောက်ခံချက် ရလဒ်များအရဇွန် ၃ ရက် သမ္မတရွေးကောက်ပွဲတွင်လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်း လီဂျေးမြောင်အနိုင်ရရန် အလားအလာ များနေကြောင်းသိရသည်။
ရိုက်တာ

image