❛ ဆံပင်တွေ ရှည်လာပြီးနောက် ❜
_ _ _ _
နယ်နိမိတ်ချင်း ထိစပ်နေပေမဲ့
တစ်မြို့စီဆိုတာက
အလွမ်းသက်သက်ပြောစကားပဲ
ဆံရင်းနဲ့ ဆံဖျားမှာတောင်
လွမ်းလောက်စရာ အကွာအဝေးရှိပါတယ်။
ဘဝအဆက်ဆက်က
တစ်စက်ချင်း ကျလာတဲ့
ရေစက်ကလေးတွေ စုပြီး
မင်းနဲ့ ဆုံချင်တယ်။
ချစ်ခြင်းမေတ္တာကသာ အနိုင်ရရှိပါစေ ။ ။
• ဆူးရစ်နွယ် •
