#နိုင်ငံတကာသတင်း
◼အိန္ဒိယကပါကစ္စတန်ကိုစတင်ဒုံးကျည်တိုက်ခိုက်၊ အိန္ဒိယတိုက်လေယာဉ်ငါးစင်းကို ပစ်ချခဲ့ကြောင်း ပါကစ္စတန် ပြောကြား
ပါကစ္စတန်ပိုင်နက် ကက်ရှ်မီးယားဒေသကို ယနေ့(မေ ၇ ရက်)တွင် တိုက်ခိုက်ခဲ့ပြီး အိန္ဒိယကဒုံးကျည်များဖြင့်သတင်တိုက်ခိုက်ခဲ့ပြီး နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် ရန်ဘက်များကြား ဆယ်စုနှစ် နှစ်ခုကျော်အတွင်း အဆိုးရွားဆုံး တိုက်ခိုက်မှုအတွင်း အိန္ဒိယ တိုက်လေယာဉ်ငါးစင်းကို ပစ်ချခဲ့ကြောင်း ပါကစ္စတန်က ပြောကြားသည်။
ပြီးခဲ့သောလက အိန္ဒိယပိုင် ကက်ရှ်မီးယားဒေသတွင် လူ ၂၆ ဦး သေဆုံးခဲ့သော ဟိန္ဒူခရီးသွားများကို အစ္စလာမ္မစ် စစ်သွေးကြွများက တိုက်ခိုက်မှုနှင့် ဆက်စပ်နေသည့် ပါကစ္စတန်ရှိ အကြမ်းဖက် အဆောက်အအုံ ကိုးခုကို တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း အိန္ဒိယက ပြောကြားသည်။
ယနေ့နံနက်အစောပိုင်းတွင်ပါကစ္စတန်ရှိ နေရာခြောက်ခုကို အိန္ဒိယကပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး ၎င်းနေရာများတွင် စစ်သွေးကြွစခန်းများ မရှိကြောင်း ပါအစ္စလာမ်မာဘတ်ကပြောကြားသည်။
အိန္ဒိယအား အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ် ညွှန်ကြားခဲ့သည့် ပါကစ္စတန် အုပ်ချုပ်သော ကက်ရှ်မီးယားဒေသရှိ နေရာများကို “ဆင်ဒူးစစ်ဆင်ရေး”ဟုအမည်ပေးထားသောတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ပြီးအကြမ်းဖက် အဆောက် အအုံများကို ထိမှန်ခဲ့ကြောင်းအန္ဒိယက ပြောကြားသည်။
အဆိုပါစစ်ဆင်ရေးကိုထိန်းထိန်းသိမ်းသိမ်းသတိထားလုပ်ဆောင်ခဲ့ပြီး သဘောသဘာဝအရ ပြင်းထန်မှု မရှိကြောင်းနှင့် ပါကစ္စတန် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို ပစ်မှတ်ထားခြင်း မရှိ ကြောင်း အိန္ဒိယကဆိုသည်။
"ကျွန်တော်တို့ရဲ့တိုက်လေယာဉ်တွေကို ဝေဟင်ထဲမှာအသင့် ပျံသန်းခိုင်းထားပါတယ်။ ဒါဟာ ရှက်စရာကောင်းပြီး သူရဲဘောကြောင်တဲ့အိန္ဒိယ လေပိုင်နက်ထဲက တိုက်ခိုက်မှုဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုအပေါ် သူရွေးချယ်တဲ့ အချိန်နဲ့ နေရာအလိုက် အစ္စလာမာဘတ်က တုံ့ပြန်မှာပါ " ဟု ပါကစ္စတန်စစ်ဘက်ပြောရေးဆိုခွင့်ရှိသူကပြောကြားသည်။
သူရဲဘောကြောင်သည့်တိုက်ခိုက်မှုဟုအမည်ပေးထေားသောအဆိုပါတိုက်ခိုက်မှုတွင်နေရာသုံးခုကို ထိမှန်ခဲ့ကြောင်း ပါကစ္စတန်က အတည်ပြုခဲ့ပြီး အရပ်သား ရှစ်ဦး သေဆုံးကာ ၃၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး မူဟမ္မဒ်အီရှက်ဒါးက ပြောကြားသည်။
အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ အိန္ဒိယကတစ်စုံတစ်ရာမှတ်ချက်မပေးသေးပေ။
လက်ရှိတွင် ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမာဘတ်နှင့် ပန်ဂျပ်ပြည်နယ်ရှိ စာသင်ကျောင်းများ ပိတ်ထားရပြီး အိန္ဒိယ၏ တိုက်ခိုက်မှုများကို တုံ့ပြန်ရန် ပြင်ဆင်နေကြောင်း ပါကစ္စတန်ပြောကြားသည်။
ထို့အတူအိန္ဒိယအုပ်ချုပ်သော ကက်ရှ်မီးယားဒေသရှိ ဂျမ်မူး၊ဆမ်ဘာ၊ ကာသူအာ၊ရာဂျာ၊ရာဂျိုရီ နှင့် ပွန်းချ် ဒေသများရှိ ကျောင်းများ၊ ကောလိပ်များနှင့် ပညာရေးအဖွဲ့အစည်းများအားလုံးကို ယနေ့တွင် ပိတ်ထားမည်ဖြစ်ကြောင်း အာဏာပိုင်များက ကြေညာထားသည်။
သတင်း-လင်းခေတ်
ကိုးကား- BBC
