9 ပတ် - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◼ ဝါရင့်သရုပ်ဆောင် ဒါရိုက်တာဦးမောင်မောင်မြင့် အသက်(၉၃) နှစ်တွင်ကွယ်လွန်
ဝါရင့်သရုပ်ဆောင်၊ ဒါရိုက်တာဦးမောင်မောင်မြင့်သည် ယနေ့(မေ ၇ ရက်) နံနက် ၁၀ နာရီ ၁၅ မိနစ် တွင် ရန်ကုန်မြို့ရှိနေအိမ်၌ကွယ်လွန်ခဲ့ကြောင်း အနုပညာအသိုင်းအဝိုင်းနှင့်နီးစပ်သူများထံမှသိရသည်။
"ဒီမနက်ကွယ်လွန်တာဟုတ်ပါတယ်။ လူကြီးရောဂါနဲ့ပဲ။ ရေကျော်ကသူ့အိမ်မှာပဲဆုံးတာပါ" ဟု သရုပ်ဆောင်ငှက်ပျော‌ကြော်ကစံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
ဦးမောင်မောင်မြင့်သည် နာမည်ကျော်သရုပ်‌ဆောင်မင်းသားပြေငြိမ်း၏ဖခင်ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားပေါင်းများစွာတွင်ပါဝင်သရုပ်ဆောင်ခဲ့သည်။
၎င်းကွယ်လွန်ချိန်တွင်အသက် (၉၃)နှစ်ရှိပြီဖြစ်ပြီး ဈာပနအခမ်းအနားနှင့်ပတ်သက်၍ မည်သို့စီစဉ်မည်ကိုမသိရသေးကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှတာဝန်ရှိသူတစ်ဦးကပြောသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - U Aye Kyu Lay

image