တစ်ဘဝလုံးစာ အသည်းမာကြေးဆိုရင်တော့
မင်းက နိုင်ပါတယ် ။
မင်းပြောသလိုပဲ ဘဝက တိုပါတယ် ။
မဟုတ်တာတွေ ၊
အသုံးမလိုတဲ့အရာတွေအတွက် အချိန်ကုန်မခံပါနဲ့ ။
တကယ်လို့ ကိုယ်က မင်းအတွက်
အသုံးမလိုတော့ဘူးဆိုရင်
ကိုယ့်အတွက်လည်း အချိန်ကုန်မခံပါနဲ့တော့ ။
ကိုယ်ကတော့ ကိုယ့်ဘက်ထက်
မင်းဘက်ချည်း ငဲ့ခဲ့တဲ့ လူပါ ။
ဘယ်အခြေအနေရောက်ရောက်
မင်းနာမည်ခေါင်းစဉ်တပ်တိုင်း
နှလုံးသားမှာ ချစ်ခြင်းမေတ္တာက လွဲရင် တခြားမရှိပါဘူး ။
နာလည်း မကြည်းပါဘူး ။
မုန်းဖို့ရာ ဝေး
တစ်ဘဝလုံး ငါမေတ္တာအထားနိုင်ခဲ့ဆုံး ငါ့ရဲ့ တစ်ဦးတည်းသော ချစ်ရပါသောလေးရေ…
#နေဗလ်
