နေအဖွဲ့အစည်း ပြင်ပမှာရှိတဲ့ ကန်ခရီ ၅၅ ဆိုတဲ့ ဂြိုဟ်ကို စိန်ဂြိုဟ်ကြီးလို့ ခေါ်ကြပါတယ်။ ဒီဂြိုဟ်ဟာ ကမ္ဘာထက် ၂ဆခန့် ပိုကြီးပြီး အလင်းနှစ် ၄၀ အကွာအဝေးမှာပဲ ရှိနေတာပါ။ တခြား အလင်းနှစ် ရာချီ ထောင်ချီ သန်းချီတဲ့ ဂြိုဟ်တွေထက်စာရင်တော့ နီးတယ်ဆိုနိုင်ပေမဲ့ ကမ္ဘာမှာ အမြန်ဆုံး အာကာသယာဉ်နဲ့ အရောက်သွားဖို့ဆိုရင်တောင် လူ့သက်တမ်းများစွာ ကြာဦးမှာပါ။
ကန်ခရီ ၅၅ မှာ အပူချိန်မြင့်တက်မှုဟာ ၂၀၀၀ ဒီဂရီဆဲစီးရပ်ကျော် ဖြစ်ပြီး ဖိအားပြင်း ကာဗွန်အမြောက်အများ ပါဝင်တာကြောင့် စိန်ပုံဆောင်ခဲတွေနဲ့ ပြုလုပ်ထားတဲ့ ဂြိုဟ်လို့ ဆိုနိုင်ပါတယ်။ သီအိုရီအရတော့ ငြင်းချက်ထုတ်စရာ မရှိပေမဲ့ ဂြိုဟ်ကို အရောက်သွားပြီး စိန်တွေကို ထုတ်ယူဖို့ဆိုတာ လွယ်ကူဦးမှာ မဟုတ်သလို အာကာသထဲ ဒီလိုဂြိုဟ်တွေ ရှိကြောင်း ရှာဖွေနိုင်ခဲ့တာဟာလည်း လူသားတွေအတွက်တော့ အံ့ဩစရာ တွေ့ရှိချက်ပဲ မဟုတ်ပါလား။

image