#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အမေရိကန်မှပြည်နှင်ဒဏ်ခံရသူများကို လက်ခံရန် ဆွေးနွေးနေကြောင်း ရဝမ်ဒါဆို
ရဝမ်ဒါနိုင်ငံသည် အမေရိကန်မှပြည်နှင်ဒဏ်ခံရသော ရွှေ့ပြောင်းနေထိုင်သူများကို လက်ခံရန်အတွက် အမေရိကန်အစိုးရနှင့် စတင်ဆွေးနွေးနေကြောင်း ရဝမ်ဒါနိုင်ငံခြားရေးဝန်ကြီး အိုလီဗီယာက မေ ၅ ရက်တွင် ပြောသည်။
ရာဇဝတ်မှုကျူးလွန်သူများအား လက်ခံမည့်နိုင်ငံများကို အမေရိကန်က ရှာဖွေနေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက လွန်ခဲ့သည့်လတွင် ပြောကြားခဲ့ပြီးနောက် ရဝမ်ဒါနိုင်ငံခြားရေးဝန်ကြီး၏ မှတ်ချက်ထွက်ပေါ် လာခြင်းဖြစ်သည်။
ရဝမ်ဒါသည် ဗြိတိန်မှပြည်နှင်ဒဏ်ပေးခံရသော ရွှေ့ပြောင်းနေထိုင်သူများအားလက်ခံရန် ယခင်က သဘောတူထားသောကြောင့် အလားတူဆွေးနွေးပွဲများသည် ရဝမ်ဒါအတွက် အသစ်အဆန်းမဟုတ်ကြောင်း ရဝမ်ဒါနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။
သို့သော် လွန်ခဲ့သည့်နှစ်ဇူလိုင်လက ဝန်ကြီးချုပ်တာဝန်ယူခဲ့သော ဆာကီယာစတမ်မာ၏ ဗြိတိန်အစိုးရသည် ယင်းကိစ္စအပေါ် တရားဝင်စိန်ခေါ်မှုနှင့် ဝေဖန်မှုများကြောင့် အစီအစဉ်ကို စွန့်လွှတ်ခဲ့ရသည်။
ကမ္ဘာတစ်ဝန်းတွင် ပြဿနာရှိနေသည့် ရွှေ့ပြောင်းနေထိုင်သူများကို နောက်ထပ်အခွင့်အရေးပေးလိုကြောင်း ၎င်းကပြောသည်။ ဇန်နဝါရီလတွင် သမ္မတရာထူးရရှိခဲ့ပြီးနောက်ပိုင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးမည့် ကတိအတိုင်း အထောက်အထားမဲ့ရွှေ့ပြောင်းနေထိုင်သူများကို ပြည်နှင်ဒဏ်ပေးမှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။
ဘီဘီစီ

image