အိမ်ဖြူတော်က Donald Trump ရဲ့ ဗလပုံတင်ပြီး Star Wars နေ့ကို ဂုဏ်ပြုခဲ့ပါတယ်။
မနေ့က Star Wars နေ့မှာ Donald Trump ကို AI နဲ့ ဖန်တီးထားတဲ့ ဗလနဲ့ Jedi ပုံကို အိမ်ဖြူတော်ရဲ့ တရားဝင် X နဲ့ Instagram အကောင့်တွေမှာတင်ထားပြီး May the 4th နေ့ ပျော်ရွှင်ပါစေဆိုပြီး Star Wars နေ့ကို ဂုဏ်ပြုခဲ့ပါတယ်။
အစွန်းရောက်သမားတွေ၊ Sith Lords၊ လူသ_တ်သမားတွေ၊ မူးယစ်ရာဇာတွေ၊ အန္တရာယ်ရှိတဲ့ အကျဉ်းသားတွေ၊ နာမည်ကြီး MS-13 ဂိုဏ်းသားတွေကို ကျွန်တော်တို့ ဖမ်းဖို့ ကြိုးစားသွားမှာပါလို့ပြောခဲ့ပါတယ်။ မင်းတို့က Rebellion မဟုတ်ဘူး၊ Empire ပဲလို့ Donald Trump က ပြောခဲ့ပြီး နိုင်ငံရေးပြိုင်ဘက်တွေကို “Star Wars” ထဲက ဗီလိန်တွေဖြစ်တဲ့ “Sith Lords” လို့လည်း ခေါ်ခဲ့ပါသေးတယ်။
ဒါပေမယ့် သူကသာ နိုင်ငံရေးပြိုင်ဘက်တွေကို “Sith Lords” တွေလို့ခေါ်နေတာ သူကိုင်ထားတဲ့ lightsaber ကြီးက “Sith Lords” တွေကိုင်နေကြ အနီရောင် lightsaber ကြီးဖြစ်နေတာတစ်ခုပါပဲ။ သူကိုယ်တိုင်ကိုက “Sith Lords” ဖြစ်ချင်နေပုံရပါတယ်။

image