ကျွန်မအသက် (၂၅) နှစ်ပြည့်ပြီ။
ကျွန်မကိုယ်ကျွန်မမယုံနိုင်လောက်အောင်ပဲ။
မကြာခင် (၂၈) (၃၀) ရောက်သွားတော့မှာ။
ကျွန်မအသက်မကြီးချင်သေးဘူး။
ကျွန်မအနားက လူတွေကိုကြည့်လိုက်ရင်သူတို့ကသူတို့ဘ၀ကို ကောင်းကောင်းကြီး ကုန်ဆုံးနေကြတယ်။
ချစ်သူရည်းစားတွေ အိမ်ထောင်ဖက်ကောင်းတွေ၊အလုပ်အကိုင်ကောင်းတွေ၊ ကျွန်မတစ်ယောက်တည်းလွန်ခဲ့တဲ့(၈)နှစ်လောက်ကအချိန်တွေကြားမှာပိတ်မိနေသလို။ အဲ့တာကအရမ်းကို၀မ်းနည်းစရာကောင်းတယ်။ အချိန်တွေကသာ ကျွန်မကို အသက်ကြီးသွားစေပြီးကျွန်မကတော့ဘာမှမပြောင်းလဲသွားခဲ့ဘူး။
ကျွန်မ အသက် (၂၅) နှစ်ပါလို့ ခံယူဖို့အဆင်သင့်မဖြစ်သေးဘူးထင်တယ်။ငယ်ငယ်က ကျွန်မ တွေးဖူးတာကကျွန်မအသက်(၂၅)နှစ်ရောက်ရင် တစ်ယောက်တည်းခရီးတွေသွားနေနိုင်ပြီးနေ၀င်ချိန်တွေကိုငေးမောနေရမယ်လို့လေ။ ဒါပေမဲ့ တကယ်တမ်းအသက်(၂၅)နှစ်ကိုရောက်လာတဲ့အခါမှာတော့အသက် (၂၀) တုန်းကလိုကျွန်မလမ်းပျောက်နေတုန်းပဲ။
-myatnavarro-
