နာမည်လေးက"Tell Me More"တဲ့.....
ဟိုတစ်လောကမှPre Orderမှာထားပြီးရထားတဲ့စာအုပ်လေး
ဒီစာအုပ်လေးကိုနာမည်လေးကြားကတည်းကလိုချင်နေခဲ့တာ("ပ"အကြိမ်စာအုပ်ကုန်ပြီးထပ်မထုတ်တာတော်တော်ကြာတယ်🤧)
ဒီစာအုပ်လေးဟာကျနော်ဖတ်နေကြစာအုပ်ပုံစံတွေနဲ့ကွဲထွက်ပြီးပန်းလေးတွေအကြောင်းကိုရေးဖွဲ့ထားတာပါ(ပန်းချစ်သူတို့အတွက်ဖတ်သင့်ပါတယ်)
ကျနော်ဆိုအရင်ကပန်းဆိုပန်းလို့မြင်တတ်တဲ့လူ..
ဒီစာအုပ်လေးဖတ်တော့ပန်းလေးတွေရဲ့ရာဇဝင်တွေ...အရောင်တစ်ရောင်ချင်းစီရဲ့နက်နဲတဲ့အဓိပ္ပါယ်လေးတွေသိခဲ့ရတယ်
တစ်ချို့ပန်းလေးတွေဆိုဝမ်းနည်းစရာအတိတ်ဇာတ်လမ်းလေးတွေနဲ့.....🥺❤️🩹
ဆရာမGraceရေးထားသလို"Flowers Are Love's Truest Language"ပန်းလေးတွေဟာအချစ်ရဲ့အမှန်အကန်ဆုံးဘာသာစကားတစ်ခုဆိုတာကျနော်သိခဲ့ရတယ်
စာဖတ်သူတွေမပျင်းရအောင်လည်းဆရာမကတစ်ပုဒ်ပြီးသွားတိုင်းမေးခွန်းလေးတွေမေးပြီးဖြေခိုင်းထားပါသေးတယ်💜
ကိုယ့်Crushကိုဖွင့်ပြောတာသူများထက်ဆန်းချင်တဲ့သူတွေဆိုဒီစာအုပ်လေးဝယ်ဖတ်ပြီးကိုယ်ပြောချင်တဲ့စကားနဲ့ကိုက်ညီတဲ့ပန်းလေးကိုလက်ဆောင်ပေးကြပါလို့
📚နောက်ဆုံးကျနော်ကြိုက်ကတော့စာအုပ်Cover Designပါ,ပြီးတော့စာအုပ်အဖုံးကိုလည်းထူထူနဲ့အလွယ်တကူပျက်စီးမလွယ်အောင်လုပ်ထားတာကိုပါ
