အင်ဒရူးကွမ်းသည် တရုတ်ပြည်တွင်
ပြည်သူ့ခေါင်းဆောင် ဥက္ကဋ္ဌကြီး မော်စီတုံး
အာဏာရရှိလာပြီး တရုတ်ပြည်သူ့သမ္မတ
နိုင်ငံသစ်ကို တည်ထောင် သည့်
၁၉၄၉ ခုနှစ်တွင် မွေးဖွားသော ပထမဦးဆုံး
မော်စီတုံးမျိုးဆက် ဖြစ်သည်။
တရုတ်ပြည်တွင် နိုင်ငံအနှံ့
အစာရေစာ ငတ်မွတ်ခေါင်းပါးမှုကြီး
အထွတ်အထိပ်သို့ ရောက်ရှိနေချိန်
အသက် ၁၂ နှစ်အရွယ်တွင် တရုတ်ပြည်မှ
ဟောင်ကောင်သို့ ထွက်ပြေးနိုင်ခဲ့သည်။
ဟောင်ကောင်တွင် ခြောက်နှစ်ခန့် နေထိုင်ခဲ့ပြီး
သြစတြေးလျ နိုင်ငံသို့ ပညာတော်သင်
သွားရောက်ရာမှ ဆရာဝန်တစ်ဦးဖြစ်သည်အထိယကြိုးစား ခဲ့သည်။ ယခုစာအုပ်သည် ၁၉၄၉ ခုနှစ်မှ ၂ဝ၂ဝ ခုနှစ်အထိ အနှစ် ခုနစ်ဆယ်စာ
မှတ်တမ်းဖြစ်ပြီး ၁၉၄၉ မှ ၁၉၈၉ အထိ
နှစ်လေးဆယ်စာ ကာလကို အသေးစိတ်
မှတ်တမ်းတင်ထားသည်။ ထိုကာလများအတွင်း
သူနှင့် သူ့မိသားစုဝင်များ တွေ့ကြုံခံစားခဲ့ရသည့်
လူမှုဒုက္ခအဖုံဖုံနှင့် ထိုသူအားလုံးတို့၏
ကြံ့ကြံ့ခံသော စိတ်နေစိတ်ထားများကို
တဖွဲ့တနွဲ့ အသေးစိတ် ထည့်သွင်းရေးဖွဲ့ထားသည်။
▫️ဘာသာပြန်သူ၏အမှာစကား - မှ
× × × × × × ×
• ဘိုဘိုဟန် •
❛ ရွှေလသာချိန် ❜
