အင်တာဂိုးသမားကြီး ယန်းဆွန်းမားဟာ ဘာကာနဲ့ ၂ကျော့မှာ ၁၄ ကြိမ်အထိ ကာကွယ်နိုင်ခဲ့ပါတယ်။ ၆ဂိုးအသွင်းခံခဲ့ရပေမယ့်လည်း သူ့ရဲ့ လက်စွမ်းပြခဲ့မှုကလည်း မျက်ကွယ်ပြုထားခဲ့လို့ မရပါဘူး။ ဒုတိယအကျော့မှာလည်း သူ လက်စွမ်းထပ်ပြခဲ့ပြီး ယာမယ်လ်ရဲ့ ကမ္ဘာ့အဆင့်ကန်ချက်ကို ကမ္ဘာ့အဆင့်ကာကွယ်မှုနဲ့ တားဆီးပြသွားခဲ့ပါတယ်။
အကောင်းဆုံးကစားသမားဆုကိုပါ သူ ရယူနိုင်ခဲ့တာပါ။ အသက် ၃၆ နှစ်အရွယ် ဂိုးသမားကြီးရဲ့ အရေးပါမှုကလည်း ကြီးမားပါတယ်။ အိုနာနာကို ယူရိုသန်း ၅၀ နဲ့ ရောင်းထုတ်ပြီး သူ့ကို ယူရို ၆ သန်းတည်းနဲ့ အင်တာက ခေါ်ယူခဲ့တာပါ။ သူရောက်လာချိန်ကစလို့ လက်စွမ်းပြနေခဲ့တာပါပဲ။
ယာမယ်လ်ဟာ သူ့ရဲ့ကန်ချက်ကို ဆွန်းမား ကာကွယ်ခဲ့တာကြည့်ပြီး မယုံနိုင်ဟန်ပါဖြစ်ခဲ့တာပါ။ ဆွန်းမားက အကောင်းဆုံးကစားသမားဆုနဲ့ ထိုက်တန်ခဲ့သလို အင်တာမီလန်ကို ဗိုလ်လုပွဲတက်နိုင်အောင် သူ့လက်စွမ်းနဲ့လည်း ကူညီပေးသွားခဲ့ပါတယ်။
