ဘာကာအတွက် ရာဖင်ဟာ ဂိုးသွင်းခဲ့ပြီးနောက် အင်တာပရိသတ်တွေ ကွင်းထဲက ပြန်ထွက်ခဲ့တာပါ။ သူတို့အသင်း ပြန်လာနိုင်မှာမဟုတ်တော့ဘူးလို့ ယူဆခဲ့ပြီး ပွဲကိုဆက်မကြည့်တော့ဘဲ ထွက်လာခဲ့ကြတာပါ။ ဒါပေမယ့် နာကျင်အချိန်ပိုမှာ အင်တာမီလန်က ချေပဂိုးပြန်သွင်းခဲ့ပါတယ်။
ဂိုးပြန်သွင်းတဲ့နောက် ပရိသတ်တွေဟာ ပြန်ဝင်ဖို့ ကြိုးစားခဲ့ပေမယ့် မရတော့ပါဘူး။ ဝင်ခွင့်မရခဲ့တော့ဘဲ ပွဲကို ရုပ်သံကနေသာ သူတို့တွေ ကြည့်လိုက်ရပါတော့တယ်။ ဒါကြောင့် အသင်းက အချိန်ပိုမှာ အနိုင်ဂိုးသွင်းပြီး ဗိုလ်လုပွဲတက်ခဲ့တာကို ကွင်းအတွင်း အောင်ပွဲခံနိုင်တာမျိုး မလုပ်ခဲ့ရတော့ပါဘူး။
ကွင်းထဲက ပြန်ထွက်ခဲ့တာကို သေချာပေါက်နောင်တရနေမှာပါ။ အသင်းရဲ့ အံ့ဖွယ် comeback ကို မျက်ဝါးထင်ထင် မြင်တွေ့ရမယ့် အခွင့်အရေး၊ အသင်းကစားသမားတွေနဲ့ အတူတူအောင်ပွဲခံခွင့်ရမယ့် အခွင့်အရေးတွေပါ ဆုံးရှုံးခဲ့တာပါ။
