Play Store မှာ Skype မရှိတော့ပါ..
Skype ကို မနေ့က မေလ ၅ ရက်မှာ အပြီးတိုင်ဖျက်သိမ်းခဲ့ပြီးနောက် Google Play Store မှာ မတွေ့ရတော့ဘူးလို့ အချို့တွေက ဆိုလာပါတယ်။ ဒါပေမဲ့ တစ်ချို့ကတော့ Play Store နဲ့ App store တွေမှာ ရနေသေးတယ်လို့ ဆိုထားတဲ့အပြင် web browser တွေမှာလည်း တွေ့နေသေးတယ်လို့ ဖော်ပြထားပါတယ်။
မတ်လတုန်းကတည်းက Microsoft ကနေ Skype ကို မေလ ၅ ရက်နေ့ မှာ အပြီးတိုင်ပိတ်သိမ်းသွားမယ်ဖြစ်ကြောင်း ကြေညာခဲ့ပြီး Microsoft Team ကို ပြောင်းသုံးဖို့ တိုက်တွန်းခဲ့တာပါ။ Skype ကို ပိတ်သိမ်းတဲ့ရည်ရွယ်ချက်ကလည်း Teams ကို အဓိကသုံးစေချင်တာကြောင့်ပါ။ မနေ့က မေလ ၅ ရက်နေ့မှာတော့ Skype ကို တကယ်ပိတ်သိမ်းသွားခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။
