9 ပတ် - ဘာသာပြန်ပါ။

AI နဲ့ coding အင်တာဗျူးအကျော်အခွလုပ်ခဲ့လို့ ကျောင်းနားခံလိုက်ရသူ
ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တစ်ခုက ထူးချွန်ကျောင်းသားတစ်ယောက် ကျောင်းနားခံလိုက်ရပါတယ်။
သူ့ပြစ်မှုက AI tool တစ်ခု ဖန်တီးမှုပါ။ ရိုးရိုး AI တော့ မဟုတ်ပါဘူး။ နည်းပညာကုမ္ပဏီ Coding အင်တာဗျူးတွေကို အင်တာဗျူးဖြေသူအစား ဝင်ဖြေပြီး cheat လုပ်နိုင်တဲ့ AI tool ပါ။ ဒီ tool ကို Columbia University တက်နေတဲ့ အသက် ၂၁ နှစ်အရွယ် ရွိုင်းလီဆိုတဲ့ လူငယ်က ဖန်တီးခဲ့တာပါ။
နည်းပညာကုမ္ပဏီမှာ အလုပ်လျှောက်လို့ အင်တာဗျူးရထားတဲ့သူက သူဖြေရမယ့် coding test တွေကို ဒီကျောင်းသား ထုတ်တဲ့ Interview Coder ဆိုတဲ့ tool အကူအညီနဲ့ ဖြေရင် အင်တာဗျူးအောင်ဖို့ မပူရတော့ပါဘူး။
ဒီ tool ကို ထုတ်ခဲ့တဲ့ ရွိုင်းလီတောင် သူ့ AI နဲ့ Amazon , Meta , TikTok , Capital One စတဲ့ ထိပ်ထိပ်ကြဲ နည်းပညာကုမ္ပဏီကြီးတွေရဲ့ အင်တာဗျူးကို ဖြေလို့ အလုပ်ခေါ်စာတွေ ရခဲ့ပါတယ်။ Social Media မှာတောင် ရွိုင်းလီက သူရတဲ့ Offer Letter တွေကို တင်ပြီး ကြွယ်ခဲ့ပါသေးတယ်။
နောက်တော့လည်း သူ့ကို အလုပ်ခန့်ခဲ့မိတဲ့ ကုမ္ပဏီတွေက အလုပ်ခေါ်စာတွေ ပြန် reject လုပ်သွားပါတယ်။ သူတက်နေတဲ့ Columbia University ကပါ သူ့ကို ဒီအမှုနဲ့ ကျောင်းကနေ ရပ်နားပေးလိုက်တာပါ။ ရွိုင်းလီအတွက်က ပြဿနာမရှိပါဘူး။
ကျောင်းနားခံလိုက်ရပြီးနောက် သူနဲ့ သူ့သူငယ်ချင်း နီးလ် ရှန်မူဂန်တို့က Interviews Coder ကို Cluely လို့ နာမည်ပြောင်းပြီး ကုမ္ပဏီထောင်လိုက်ပါတယ်။ Cluely က Pro ဗားရှင်းကို လစဉ်ကြေး ဒေါ်လာ ၂၀ ကောက်ပါတယ်။ ဒီ tool က Gen AI ကို သုံးပြီး အင်တာဗျူးတွေ ၊ မီတင်တွေနဲ့ sale call တွေလို virtual conversation ကို နားထောင်ပြီး real-time prompts တွေ suggestions တွေ ပေးမှာပါ။

image