ဖုန်းဝယ်ရင် ဘက်ထရီ case ပါ တွဲဝယ်ရမယ့်ကိန်း
အချောဆုံး မိန်းကလေး ပိုင်ချင်တာနဲ့ အပါးဆုံး iPhone ကိုင်ချင်တာက ပြဿနာရှိတတ်ပါတယ်။
၂၀၂၅ မှာ ထွက်မယ့် အပါးဆုံးနဲ့ အလှဆုံးဆိုတဲ့ iPhone ကို ကိုင်ချင်ရင်လည်း စွန့်စားရမှာတွေ အများကြီးပါ။ ၅.၅ မီလီမီတာ (၀.၂ လက်မ) ပါးလျပ်လျပ်လေးက ဘော်ဒီကွေးညွှတ်လွယ်နိုင်သလို တအားပါးအောင်လုပ်ထားလို့ ဘက်ထရီလည်း ဝိတ်လျှော့ထားနိုင်ပါတယ်။
Apple ရဲ့ internal testing မှာကိုပဲ iPhone Air မော်ဒယ်သစ်ကို တစ်နေ့တာ အားပြန်သွင်းစရာမလိုဘဲ သုံးနိုင်တဲ့ user ရာခိုင်နှုန်းက ၆၀ နဲ့ ၇၀% ကြားပဲ ရှိပါတယ်။ သဘောက iPhone 17 Air သုံးသူ အများစုကတော့ နေ့ပိုင်း သုံးဖို့ ပြန်အားသွင်းစရာမလိုဘူးဆိုတာပါ။
နှိုင်းယှဉ်စရာရှိတာက အခု လက်ရှိ iPhone မော်ဒယ်တွေမှာ တစ်ခါအားအပြည့်သွင်းထားရင် တစ်နေ့လုံး သုံးနိုင်တဲ့ အသုံးပြုသူဦးရေ % က ၈၀ ကနေ ၉၀% အထိ ရှိပါတယ်။ Air မော်ဒယ်အနေနဲ့ battery life မှာ တော်တော်လေး ပြောစရာဖြစ်မှာပါ။
ဒါကြောင့်ပဲ Apple က iPhone 17 Air ကို ဘက်ထရီအသုံးခံအောင် battery case ထည့်ရောင်းဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ USB-C port သုံး iPhone 15 ထွက်လာပြီးကတည်းက Lightning port တပ် MagSafe Battery Pack နဲ့ MagSafe Duo Charger တွေ ဆက်မထုတ်တော့ဘဲ ရပ်ဆိုင်းခဲ့တာပါ။
အခုတိုင်းဆို USB-C ပါတဲ့ MagSafe တွေ တွေ့လာရနိုင်ပါတယ်။ iPhone 17 Air ကတော့ အဆန်းကြီး ဖြစ်နိုင်ပါတယ်။ ကျောဘက်ကင်မရာလည်း တစ်လုံးတည်း ၊ speaker လည်း တစ်လုံးပဲ ပါနိုင်သလို SIM card ပေါက်လည်း ဖျောက်လာနိုင်လို့ပါ။
တရားဝင်မိတ်ဆက်တာကတော့ ပုံမှန်အတိုင်း စက်တင်ဘာလထဲမှာပဲ ဖြစ်ဖို့ ရှိပါတယ်
