မန္တလေးငလျင်ကြောင့်ပြိုကျခဲ့ရသည့် Sky Villa အဆောက်အဦအောက်မှကာလတန်ဖိုးငွေ သိန်းပေါင်းသောင်းချီတန်ဖိုးရှိငွေ စက္ကူများနှင့်ရွှေထည်ပစ္စည်းများတွေ့ရှိ
မန္တလေးငလျင်ကြောင့် ပြိုကျသွားခဲ့ရသော Sky Villa အဆောက်အဦ၏ အဆောင်များကို ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေးလုပ်ငန်းများကို မီးသတ်တပ်ဖွဲ၏ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲဝင်များက ဆောင်ရွက်လျက်ရှိရာ မေ၆ရက်က ကာလတန်ဖိုးငွေ သိန်းပေါင်းသောင်းချီတန်ဖိုးရှိသည့် ငွေ စက္ကူများနှင့်ရွှေထည်ပစ္စည်းများတွေ့ရှိခဲ့သည့်အတွက် ပိုင်ရှင်ဖြစ်သူ၏ မောင်တော်စပ်သူကိုလွှပြောင်း ပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲမှသိရသည်။
အဆိုပါရှာဖွေတွေ့ရှိခဲ့သည့် ပစ္စည်းများမှာ မြန်မာငွေကျပ်သိန်း၈၃၀၊ US ဒေါ်လာ ၁၀၀ တန် ၃၀၀ ရွက်၊ တ ရုတ်ငွေ ၅၀ တန် ၂ရွက်၊ ၁၀ တန် ၆ ရွက်၊ ထိုင်းဘတ်ငွေ ၂၀ တန် ၇ ရွက်၊ ရွှေ ၁၀ ကျပ်သားတုံး ၁၀ တုံး၊ ၁ ကျပ် ၄ပဲတုံး ၂ တုံး၊ ၁ ကျပ် ၃ပဲတုံး ၁ တုံး၊ ရွှေဆွဲကြိုး ၃၀ ကုံး၊ လက်ကောက်+ဟန်းချိန်း ၂၆ ကုံး၊ လက်စွပ် ၃၅ ကွင်း၊ နားကပ် ၁၃ ရံ၊ ဆွဲသီး ၅ ခု၊ ကျောက်စိမ်းပန်းပု ၂ ခု၊ ပုလဲပုတီး ၂ ကုံး၊ ကျောက် စိမ်းပါလက်စွပ် ၁ ကွင်း၊ iphone ၁ လုံး၊ ipad ၁ လုံး၊ မှတ်ပုံတင် ၃ ခု၊ ဘဏ်စာအုပ် ၉ အုပ်၊ LV ပိုက် ဆံအိတ် ၁ လုံး၊ Dior Cosmetic ၁ ခုနှင့် အရေးကြီးစာရွက်စာတမ်းများတိုဖြစ်ကြောင်းသိရသည်။
NOM