9 w - Translate

လုပ်သား ၃၀ ခန့် အသက်ကန့်သတ်ချက်တွင် အကျုံးဝင်သဖြင့် OWIC ကတ် လျှောက်ခွင့်မရ
ရန်ကုန်၊ မေ ၆
ဂျပန်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်မယ့် အမျိုးသားဦးရေ ၃၀ ခန့်ကို အသက်ကန့်သတ်ချက်မှာ အကျုံးဝင်နေတယ်ဆိုပြီး ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) လျှောက်ခွင့်မပြုကြောင်း နစက အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မေလ ၅ ရက်နေ့မှာ OWIC ကတ် လျှောက်ထားသူတွေထဲက လိုအပ်ချက်ရှိလို့ အထောက်အထားပြည့်စုံစွာနဲ့ ပြန်လည်တင်ပြရမယ့် အလုပ်သမား ၁၉၂ ဦးရှိတယ်လို့ ဆိုပါတယ်။
အဲဒီအထဲမှာ အသက်ကန့်သတ်ချက်အတွင်း အကျုံးဝင်သူ ၂၉ ဦး အပါအဝင် အမည်စာရင်းကွဲလွဲခြင်း၊ ဗီဇာလိုအပ်ခြင်း၊ Work Permit သက်တမ်းကုန်နေခြင်း ၊ COE လိုအပ်ခြင်း၊ EC/DL မပါရှိခြင်း ၊ လေဆိပ်အဝင်/အထွက်တုံးများ မပါရှိခြင်း၊ ခွင့်စာလိုအပ်ခြင်း စတဲ့ စာရွက်စာတမ်း လိုအပ်ချက်ရှိနေတယ်လို့ သိရပါတယ်။
နစကအနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့မှ စတင်ကာ အသက် ၁၈ နှစ်မှ ၃၅နှစ်အကြား အမျိုးသားတွေကို ပြည်ပထွက် အလုပ်လုပ်ခွင့်မပြုတော့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ပြည်ပအလည်အပတ်နိုင်ငံကူးလက်မှတ် (Passport for Visit-PV) လျှောက်ထားရယူပြီး ပြည်ပအလုပ်အကိုင် ဗီဇာတွေ ရယူကာ လေကြောင်းခရီးနဲ့ ပြည်ပထွက်ခွာခွင့် မပြုထားကြောင်း အလုပ်သမားဝန်ကြီးဌာနကနေ သိရပါတယ်။
PJ နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပထွက် အလုပ်လုပ်ကိုင်မယ့်သူတွေအနေနဲ့ OWIC ထုတ်ယူရရှိမှပဲ လေယာဉ်လက်မှတ် ဝယ်ယူခြင်းတွေ ဆောင်ရွက်ကြဖို့ သတိပေးထားပါတယ်။
ခွင့်ပြန်အလုပ်သမားတွေအနေနဲ့ ငွေလွှဲပို့ထားတဲ့ အထောက်အထားပြနိုင်မှသာ ပြည်ပပြန်ထွက်ခွင့်အတွက် ပြည်ပအလုပ်သမား မှတ်ပုံတင် OWIC ကတ် ထုတ်ပေးသွားမယ်လို့ ဆိုပါတယ်။
ပြည်ပမှာ နေထိုင်လုပ်ကိုင်စဉ် ငွေလွှဲပို့တဲ့ တရားဝင်အထောက်အထားကို တင်ပြရမှာဖြစ်ပြီး လစဉ် လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်းကို လွှဲပို့ရမယ်လို့ အေဂျင်စီတွေကို ညွှန်ကြားထားပါတယ်။

image