ကျီးအာသီးပင်
ကင်း မြွေ ခွေးရူး အဆိပ်ဖြေဆေး
သွေးစုနာ အကျိတ်အဖု သက်တန့်နာ လိမ်းဆေး
ထိပ်ကပ်နာ ဝက်ရူးပြန်ရောဂါ....
ကျီးအာ၏ ဓာတုရသသည် စဥ်းငယ် အေး၏ ။
အရွက်သည် ခန္ဓာကိုယ်အတွင်းမှ( အာပေါ)အပူကြောင့်ဖြစ်ပေါ် ပြောင်းလဲသော ဝေဒနါများကို အေးပြီး
တေဇော ဝါယော ပထဝီ အာပေါ ဓာတ်တို့ကို သက်သာစေသော သွေး သည်းခြေ လေ သလိပ်နာ ပျို့အန်
သော အနာပေါက်သောအနာ ကုဌနူနာတို့နှင့် သင်ံလျော်သည်။
ပိုးကိုနိုင်သည် အင်အားကို ဖြစ်သညိ။
#ဆေးနည်း
. ထိပ်ကပ်နာဆေး
ကျီးအာမြစ်ကို အခြောက်လှန်း အမူန့်ပြု၍ နှာနပ်ဆေး ပြုလုပ်ရှူပါက နှာခေါင်းအတွင်းမှာရှိသော စိမ်းစိမ်းဝါဝါ
အခဲများကျပြီး ထိပ်ကပ်နာ ပျောက်ကင်းစေသည်။
. မြွေဆိပ် ကင်းဆိပ်
မြွေပွေးဆိပ် ကင်းဆိပ် ခွေးရူးဆိပ် ပူပြီးတက်သောအဆိပ်မှန်သမျှ ကျီးအာမြစ်ကို သွေးပြီး ၅ မိနစ်ခြား စတီးဇွန်း
၁ ဇွန်းတိုက်ပါ အဆိပ်မှန်သမျှ ပျောက်သည်။
. အတက်ရောဂါအတွက်
နီရဲနေသော ကျီးအာသီးအမှည့် ၁ လုံးကို ထိပ်လှီး အတွင်းမှအစေ့များကို ထုတ်ပစ်ပြီး
စမုန်နက် ၁ ကျပ်သား
ဆားပုတ် ၁ ကျပ်သား
သိန္ဓောဆား ၁ ကျပ်သား အတွင်း၌ထည့် ထိပ်ပြန်ပိတ်ပြီး ဖွဲမီးနှင့် ပြာကျအောင်ဖုတ်
အထဲမှ ဆေးခဲကို ယူပြီး တရွေးသားခန့် တိုက်ပါက အတက်ရောဂါဟူသမျှ ပျောက်ကင်းသည်။
.ဝက်ရူးပြန် ရောဂါအတွက်
ကျီးအာသီး တရွေးသားကို ရွှေဆိုင်း တချပ်နှင့် ပျားရည်စပ်တိုက်ပါ တနေ့ ၁ ကြိမ်တိုက်ပါ
ဝက်ရှုးပြန်ရောဂါပျောက်သည်။
. သွေးစုနာ သက်တန့်နာ အကြိတ်အဖုအတွက်
ကျီးအာရွက် လက်တဆုပ်ကို ညက်အောင်ထောင်းပြီး ကွမ်းစားထုံး ထည့်၍ အုံပေးပါ
ပြည် ရှိလျှင်အမြန်ပေါက်ပြီး ပျောက်ကင်းသက်သာမည်။
အနာနုလျှင် အလိုလို ပိန်ချပ်သွားပြီး ပျောက်ကင်းချမ်းသာနိုင်သည်။
အနာ ဖြစ်ပါက ကျီးအာပင် ပဉ္စငါးပါးပြုတ်ရည်နှင့် ဖန်ရည်ဆေးပေးပါ။
. အားအင်ကုန်ခန်းနွမ်းနယ်ခြင်းများအတွက်
ကျီးအာရွက်အနုကို သား ငါး ပုစွန် တို့ဖြင့် ကြော်ချက်၍သော်လည်းကောင်း ဟင်းချိုချက်၍သော်လည်းကောင်း
စားသောက်ပေးပါက ခြေ လက်မသယ်ချင် အားအင်ကုန်ခြင်းကို သက်သာစေ၍ အားပြည့်ခွန်အားတိုး​​စေသည်။
ကျီးအာသီးအရွက် အသီး တို့ကို နွေ မိုး ဆောင်း ရာသီမရွေး ရနိုင်သည်။
ဆေး အဖြစ် ယုံကြည် စိတ်ချစွာ သုံးစွဲပါ။
အထက် မြန်မာပြည် အောက် မြန်မာပြည် နယ်လှည့်သမားတော်အဖြစ်နှစ် ၄၀ ဆေးကုသခဲ့စဥ်က လက်တွေ့
နည်းများကို ဆရာစားမချန် အကုန်အစင်သင်ပေးသော ကျီးအာသီးအစွမ်း ကိုတင်ပေးလိုက်ပါသည်။

image