10000mAh Battery ထည့်ပြီး အထူ 8.5mm အောက်ပဲ ရှိတာမိုက်ချက်ပဲ 👀
.
realme ကနေ အခု realme GT 10000mAh Concept ဖုန်းကို ပြသလိုက်ပါပြီ။ ဒီဖုန်းက နာမည်အတိုင်း 10000mAh Battery ကို ဖုန်းမှာ ထည့်ပေးထားတာဖြစ်ပါတယ်။
10000mAh Battery ထည့်ပေးထားပေမယ့် ဖုန်းရဲ့ အထူက 8.5mm အောက်ပဲရှိမယ်၊ အလေးချိန်ကလည်း 200g ဝန်းကျင်ပဲ ရှိမယ်လို့ ဆိုထားတယ်။ ဆိုတော့ တခြားဖုန်းတွေနဲ့ယှဥ်ရင် ပိုထူတာ၊ ပိုလေးနေတာမျိုးရှိမှာမဟုတ်ဘူး။
ဒီအတွက်ကိုလည်း realme ကနေ Battery မှာ Silicon-Content Anode Battery ပါဝင်မှုကို ပိုမြှင့်ထားပြီး Slicon ပါဝင်မှုအချိုးက ၁၀ ရာခိုင်နှုန်းနဲ့ စမတ်ဖုန်းတွေထဲမှာ အမြင့်ဆုံးဖြစ်နေပြီ။ Energy Density အနေနဲ့ဆိုရင် 887W/L ရှိမယ်ဆိုပဲ။
အဲ့အပြင် အတွင်းပိုင်း Internal Layout ကိုလည်း ပုံစံအကုန်ပြောင်းထားပြီး Mainboard ရဲ့ အရွယ်အစားက 23.4mm ပဲရှိပြီး အသေးဆုံးလို့ ပြောလို့ရတယ်။
ဒီ GT 10000mAh ဖုန်းက လောလောဆယ် Concept အနေနဲ့ပဲထုတ်ပြထားပေမယ့် International Patent (မူပိုင်ခွင့်) ပေါင်း ၆၀ လောက်အထိ ရယူထားပြီးပြီလို့ ဆိုထားတော့ မကြာခင်မှာ တကယ်လက်တွေ့ 10000mAh Battery နဲ့ ဖုန်းတွေကို စျေးကွက်ထဲမှာ မြင်ရလောက်တော့မှာပါ။
