9 ပတ် - ဘာသာပြန်ပါ။

ကမ္ဘာ့အသက်အရှည်ဆုံးနိုင်ငံ
၂၀၂၃ ခုနှစ် UN က ထုတ်ပြန်တဲ့စာရင်းမှာ ကမ္ဘာ့အသက်အရှည်ဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့နိုင်ငံကတော့ ဂျပန်နိုင်ငံ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံသားတွေရဲ့ ပျမ်းမျှသက်တမ်းကတော့ ၈၄.၇၁ နှစ် ဖြစ်ပါတယ်။ အမျိုးသားတွေရဲ့ပျမ်းမျှသက်တမ်းက ၈၁.၆၉နှစ် ဖြစ်ပြီး အမျိုးသမီးတွေရဲ့ပျမ်းမျှသက်တမ်းကတော့ ၈၇.၇၄ နှစ် ဖြစ်ပါတယ်။
ဂျပန်နိုင်ငံဟာ အသက် ၁၀၀ နဲ့အထက် လူဦးရေ ၉၅,၀၀၀ ကျော်အထိ ရှိနေတဲ့နိုင်ငံလည်းဖြစ်ပါတယ်။
ဒီစာရင်းမှာ ဂျပန်ထက် ပိုအသက်ရှည်တဲ့ ဒေသတခုလည်းရှိနေပါတယ်။ ဒါကတော့ တရုတ်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်တဲ့ ဟောင်ကောင် ပါ။ ဟောင်ကောင်ဒေသခံတွေရဲ့ ပျမ်းမျှသက်တမ်းကတော့ ၈၅.၅၁ နှစ် ဖြစ်ပါတယ်။
ဒီစာရင်းမှာ မြန်မာနိုင်ငံက အဆင့် ၁၇၁ မှာ ရှိနေပြီး မြန်မာနိုင်ငံသားတွေရဲ့ပျမ်းမျှသက်တမ်းက ၆၆.၈၉ နှစ် ဖြစ်ပါတယ်။

image