9 ပတ် - ဘာသာပြန်ပါ။

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ သခွားသီးတင်ကားပေါ်တွင် ပုန်းအောင်းကာ ​ဗန်ကောက်သို့ လိုက်ပါလာသော မြန်မာနိုင်ငံသားလေးဦး ဖမ်းဆီးခံခဲ့ရ
သခွားသီးတင်ကားပေါ်တွင် ပုန်းအောင်းကာ ထိုင်းနိုင်ငံဗန်ကောက်မြို့သို့ လိုက်ပါလာသော မြန်မာနိုင်ငံသား လေးဦးဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
မေ ၁ ရက်က မဲဆောက်မှဗန်ကောက်မြို့သို့ သွားရောက်မည့် သခွားသီးတင်ကားကို စစ်ဆေးရေးဂိတ်တွင် ရပ်တန့်စစ်ဆေးရာ ကားအတွင်း ပုန်းအောင်းလိုက်ပါလာသော တရားမဝင် မြန်မာနိုင်ငံသားလေးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် မေ ၁ ရက်က ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကိုဖြတ်၍ ထိုင်းနိုင်ငံအတွင်းသို့ခိုးဝင်လာသော မြန်မာနိုင်ငံသား ၂၉ ဦးကို ဖမ်းဆီးရမိခဲ့ပြီး အဆိုပါမြန်မာနိုင်ငံသား ၂၉ နိုင်ငံသားများသည် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၅၀၀၀ ဖြင့် ထိုင်းတွင် အလုပ်လုပ်ရန်လာကြခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်လာသော မြန်မာများသည်မြဝတီမြို့မှ ပွဲစားနှင့်ချိတ်ဆက်၍ ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန်အတွက်တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေခြင်းဖြစ်ကြောင်း သိရသည်။

image