Mischief Night (2013)
Mischief Night ဆိုတာ ကတော့ နိုင်ငံခြားမှာဆိုရင်
ညဘက်မှာ ကလေးတွေ ဆယ်ကျော်သက်တွေ
အဓိက ပါဝင်ကစားပြီး သူများအိမ်ကပစ္စည်းများကို
မသိအောင် ဟာသလုပ် ဖျက်စီးကြတာကို ပြောတာဖြစ်ပါတယ်။
မြန်မာအနေနဲ့ဆိုရင်တော့ သူခိုးကြီးည နဲ့အတူတူနီးပါးပါပဲ။*ဇာတ်လမ်းအညွှန်း*အမ်မလီဝေါ်တန် ဆိုသော ကောင်မလေးမှာ ငယ်ငယ်က
သူ့အမေနှင့်အတူ ကားမတော်တဆမှုဖြစ်တာကြောင့်
သူ့အမေသေပြီး သူကတော့ မျက်စိကွယ်ခဲ့ရပါတယ်။
သူ့မအဖေဖြစ်သူကတော့ သူမကို အရမ်းဂရုစိုက်ပေမယ့်
မထင်မှတ်ထားတဲ့ Mischief Night (ခ)သခိုးကြီးညမှာ
သူမရဲ့ အဖေက အပြင်သွားစရာရှိလိုသွားတဲ့အခါမှာ
ထိုအိမ်ကြီးတွင် သူမတစ်ယောက်တည်းသာကျန်ခဲ့ပါတော့တယ်။
မျက်မမြင်ဖြစ်သောကောင်မလေးတစ်ယောက်တည်း
အိမ်မှာကျန်ခဲ့တဲ့အချိန် လေပြေညင်းတွေတိုက်ခတ်ပေမယ့်
အမည်မသိ လူတစ်ယောက်က ကြောက်မက်ဖွယ်တွေ
ယူဆောင်လာတဲ့အခါမှာတော့…..
မျက်မမြင်ကောင်မလေး ဘာတွေလုပ်မလဲ…
ဘယ်လိုပြေးမလဲ…
အမည်မသိလူတစ်ယောက်ကရော
ဘာလိုချင်တာလဲဆိုတာကတော့
ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုကြပါတော့…။
