နေပြည်တော်မှာ ယာဉ်တိုက်မှုဖြစ်ပွားပြီး ဘယ်ဘက်ပေါင်ရိုးကျိုးသွားခဲ့တဲ့ ဇင်ယော်မောင်မောင်
ဒါရိုက်တာ ဇင်ယော်မောင်မောင်ဟာ ယနေ့ မေလ ၅ ရက်နေ့မှာ နေပြည်တော်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သားဖြစ်သူ မင်းသန့်မောင်မောင်က အသိပေးလာခဲ့ပါတယ်။ မေလ ၅ ရက်နေ့ ညနေ ၅ နာရီအချိန်မှာ ဘယ်ဘက်ယာဉ်ကြောမှမောင်းနှင်လာသော ယာဉ်က ကျော်တက်ကာ ညာဘက်ယာဉ်ကြောရှိ ဇင်ယော်မောင်မောင်စီးနင်းလာသော ကားအားဝင်တိုက်ခဲ့ကြောင်းပြောပါတယ်။ အသက်အန္တရာယ်မစိုးရိမ်ရပေမယ့် ဘယ်ဘက်ပေါင်ရိုးကျိုးသွားတာကြောင့် သားဖြစ်သူက လိုက်သွားကာ ပြုစုစောင့်ရှောက်မယ်လို့ သိရပါတယ်။
