22 w - Translate

နတ်ပြည် ၆ထပ်ရှိသလို
လူ့ဘုံမှာလဲ Social Classes ၇ဆင့် ရှိတယ် ...
SEC ၇ဆင့် လုံးမှာရှိတဲ့ သူတွေသည် need တွေမတူဘူး ၊ want တွေမတူဘူး ၊ education မတူဘူး ၊ Occupation မတူဘူး ၊ income မတူ ၊ wealth တွေမတူကြဘူး ။

1. Lower Lowers

တောင်းရမ်းစားသောက်ရတဲ့အဆင့် ၊
ဆင်းရဲမွဲတေတဲ့အဆင့်

2. Upper Lowers

အလုပ်ရှိပေမယ့်လဲ မွဲတေတဲ့အဆင့် ၊
စားဝတ်နေရင်း မနိုင်မနင်းဖြေရှင်းရတဲ့အဆင့်

3. Working Class

ဘ၀သမားအဆင့် ၊ တစ်ယောက်ထဲမရှင်သန်နိုင်သေးဘူး ကိုယ်ရှင်သန်ဖို့အတွက် မိသားစု ပတ်ဝန်းကျင် လူ့အသိုင်းအဝိုင်း အပြန်အလှန် မှီခိုပြီး ရှင်သန်နေထိုင်တဲ့အဆင့်

4. Middle Class

အကူညီယူဖို့ သိပ်မလိုတော့ပဲ တစ်ယောက်ထဲ ဘ၀ရပ်တည်မှုမှာ independent ဖြစ်လာတဲ့အဆင့်

5. Upper Middles

ငွေပေါများလာတဲ့အဆင့် ၊ Professional နေရာတစ်ခုမှာ ရပ်တည်နေတဲ့အဆင့် ၊ အိမ်မက်တွေနောက်ကို စိတ်ရှိသလို လိုက်နိုင်လာတဲ့အဆင့်

6. Lower Uppers

အောက်ခြေကတက်လာတဲ့ Rich Man အဆင့်

7. Upper Uppers

မွေးထဲကချမ်းသာလာတဲ့ cream Level အဆင့်

ဒီ ၇ဆင့်သည် အတိတ်ကံတရားနဲ့လဲဆိုင်သလို ...
ကိုယ်် ဘယ် Levelမှာ ရှင်သန်မယ်လို့ရွေးချယ်ဆုံးဖြတ်ထားတဲ့ Desire နဲ့လဲဆိုင်တယ်...

အတိတ်ကံက ကိုယ့်ကို ဘယ်မှာနေလို့ အခြေချပေးလိုက်ပေမယ့်
လူဆိုတာ သစ်ပင်မဟုတ်တာကြောင့် တစ်နေရာမှာပဲပေါက် တစ်နေရာမှာပဲ ​ေ×သ ရွေးချယ်ပိုင်ခွင့်မရှိတာတော့မဟုတ်ဖူး။

ကိုယ်မနေချင်ရင် ပြောင်းလဲရွေးချယ်နိုင်တဲ့ စွမ်းအင်က လူသားမှာရှိတယ်။ ပြောင်းလဲရှင်သန်နိုင်တယ် ။

ကိုယ် ဘယ်Levelမှာ မွေးဖွားလာလဲ နဲ့ ကိုယ်ဘယ်မှာနေချင်လဲ ပေါ်မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် ကြိုးစားအားထုတ်ရမှုတွေ ၊ပင်ပန်းမှုတွေကွာနိုင်တယ် ။

မွေးဖွားလာတာကို ရွေးချယ်ပိုင်ခွင့်မရှိပေမယ့်
ဘယ် Social Classes မှာနေချင်လဲ ဆိုတာကိုတော့ ရွေးချယ်ပိုင်ခွင့်ရှိတယ် ။ ကြိုးစားပိုင်ခွင့်ရှိတယ် ။ တဆင့်စီ Level တက်ခွင့်ရှိတယ်။

ဘ၀ဆိုတာ တကယ်ကစားပွဲတစ်ခုလိုပဲ။
Level up ဖြစ်အောင်မဆော့နိုင်မချင်း ရှိနေတဲ့ Level ကိုပဲ ထပ်ခါထပ်ခါ ကစားနေရအုံးမှာပဲ ။ နိုင်အောင်ကစားဖို့ ဘာတွေလိုအပ်နေတယ်ဆိုတာကို လဲသိရမယ် ။ ပညာလား ၊ ငွေလား ၊ အရည်အချင်းလား ၊ Networkလား ၊ အချိန်လား ၊ အကျင့်စရိုက်တွေလား... စသည်ဖြင့်

ကိုယ်လိုအပ်တာကို ကိုယ်ဖြည့်ပြီး
ကိုယ်နေချင်တဲ့ဘ၀တစ်ခုမှာနေရဖို့
Levelအလိုက် နိုင်အောင်ကစားရမှာပဲ။