ဝက်သားနုပ်နုပ်စင်းခရမ်းချဉ်သီးငပိချက်
ဝက်သားကိုနုပ်နုပ်စင်းပြီး ခရုဆီ သကြား ကြက်သားမှုန့်နယ်ထားပြီး ဆီထည့်ကာ ကြော်ထားပေးပါ။
ခရမ်းချဉ်သီး နံနံပင် (သို့) ကြက်သွန်မြိတ် ပါးပါးလှီးထားပေးပါ။ အစပ်ကြိုက်ရင် ငရုတ်သီးစိမ်းလေးမျာလည်းလှီးထားပေးပါ။
ကြက်သွန်ဖြူနီ ညက်အောင်ထောင်းပြီး ငရုတ်သီးအသိမ်းမှုန့်လေးထည့်ကာ ဆီသပ်ပေးပါ။ အနံ့မွှေးလာရင် ခရမ်းချဉ်သီးထည့် ငပိစိမ်းစားထည့်ပါ။ ၁၅မိနစ်လောက်ကြာသည်အထိ တည်ထားပြီးရင် ခရမ်းချဉ်သီးကြေသည်အထိ ချေထားပေးပါ။ ခရမ်းချဉ်သီးလည်းကြေပြီဆို ဝက်သားနုပ်နုပ်စင်းပြီးကြော်ထားတာထည့် ငရုတ်သီးစိမ်း ကြိုက်ရင် တခါတည်းထည့်ပေးပါ။ ဆား အချိုမှုန့် ထည့်ပြီး ၅မိနစ်ခန့်ဆက်မွှေပေးပါ။ နောက်ဆုံးမှ နံနံပင် သို့ ကြက်သွန်မြိတ်လေးအုပ်ပြီး စားလို့ရပါပြီ။
နှစ်သက်ရာအသားအသုံးပြုလို့ရပါတယ်။
