9 w - Translate

BYD ရဲ့ ရေပေါ် ပေါ်နိုင်တဲ့ကား
ရေကြီးရေလျှံလို အရေးပေါ်အခြေအနေနဲ့ ကိုက်တဲ့ကားပါ။
နည်းပညာအဆန်းကြီးတွေ တောက်လျှောက်ချပြနေတဲ့ BYD က ထုတ်တာ ဖြစ်ပြီး ရေလုံသလို ရေမှာ ၃၆၀ ဒီဂရီလှည့်နိုင်ပါတယ်။ YangWang U8 မှာက အရေးပေါ် အသက်ကယ်စနစ်အနေနဲ့ ရေပေါ် ပေါ်နိုင်တဲ့ emergency floating mode ပါပါတယ်။
ရေပေါ်ဖြတ်ရတော့မယ်ဆို screen ပေါ်က water crossing mode ကို ဖွင့်တာနဲ့ကားက sensors တွေကနေ ရေအနက်တွေ တိုင်းတာပြီး emergency floating mode ဖွင့်ပေးမှာပါ။ ဒါဆိုရင် ကားက ရေပေါ် နာရီဝက်အထိ ပေါလောပေါ်နိုင်သလို တစ်နာရီ ၃ ကီလိုမီတာနှုန်းနဲ့လည်း သွားနေပါလိမ့်မယ်။
Emergency Floating Mode က အပျော်ထည့်ပေးထားတဲ့ feature မဟုတ်လို့ မြစ်ထဲဆင်းမောင်းကြည့်တာမျိုးတော့ မလုပ်ဖို့ BYD က တားထားပါတယ်။ Floating Mode ဖွင့် သုံးပြီးရင်လည်း ကားပြန်စစ်ဆေးဖို့ ကုမ္ပဏီက တိုက်တွန်းထားပါတယ်။
Yangwang U8 က ရေပေါ် ပေါလောပေါ်ရုံတင်မဟုတ်ဘဲ tank turns လို့ ခေါ်တဲ့ ဝင်ရိုးပေါ်တင် ၃၆၀ ဒီဂရီပတ်လည်လှည့်နိုင်တဲ့ကားပါ။ တစ်နာရီ သုညကီလိုမီတာကနေ ကီလိုမီတာ ၁၀၀ ကို ၃.၆ စက္ကန့်အတွင်းလည်း အရှိန်တင်နိုင်တယ်လို့ ဆိုပါတယ်။ မြင်းကောင်ရေ ၁၂၀၀ အားနဲ့ လာပြီး plug-in hybrid စနစ်ကြောင့် ကီလိုမီတာ ၁၀၀၀ (မိုင် ၆၂၀ ကျော်) အထိ မောင်းနှင်နိုင်မှာပါ။
တရုတ်မှာတော့ ယွမ် ၁.၀၉၈ သန်း (ဒေါ်လာ ၁သိန်းခွဲ) နဲ့ ရောင်းပါတယ်။ ဈေးမြောက်ပေမယ့် မနှစ်က ပြည်တွင်းမှာတင် အစီးရေ ၇၂၅၄ စီး ရောင်းချထားတယ်လို့ ဆိုပါတယ်။

image