9 ပတ် - ဘာသာပြန်ပါ။

လူအုပ်ကြားမှာ နေပြီး
တစ်ယောက်တည်း အထီးကျန်နေတာမျိုးက
ရှက်စရာ မဟုတ်ဘူး။
အပြောကျယ်တဲ့ စကြဝဠာမှာ
တစ်ပွင့်တည်း လွတ်လွတ်လပ်လပ်လှည့်နေတဲ့
ဂြိုလ်ပြာကြီးလိုပေါ့...
ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့ မှော်ဆန်တဲ့
အပြာရောင်အလင်းတန်းတွေ
ထုတ်လွှတ်နေလိုက်မယ်။
လူဟာ တစ်ခါတလေ
လိုင်းချင်းမတူတဲ့အခါ ပြောစရာစကားတွေက မည်မည်ရရ မရှိဘူး။
နေကောင်းလား
စားပြီးပြီလား မေးပြီး
ဘာဆက်ပြောရမှန်းမသိ ဖြစ်တယ်။
ချန်နယ်မတူရင်
အတင်း ဝင်ရောစရာ မလိုပါဘူး
ဘေးမှာ ငြိမ်ငြိမ်လေး နေနေတာက
စကားမရှိ စကားရှာပြီး
အမှားတွေ, အတင်းတွေ
ပြောမိတာထက် ပိုကောင်းပါတယ်။
လူအုပ်ကြားမှာ နေပြီး
အထီးကျန်တာမျိုးမရှိပါဘူး
ပြောစရာမရှိလို့
မပြောချင်လို့ ငြိမ်နေတာပဲ ရှိတာပါ။

image