မင်းက ချစ်ဖို့ကောင်းတယ်
ဘယ်လောက်ထိလဲဆို
ငါ့မှာ တစ်ယောက်တည်း ပြုံးနေရတဲ့ထိ
မင်းက ချစ်ဖို့ကောင်းတယ်
ငါ့ အဖြစ်က
တစ်ယောက်တည်း ပြုံး
ခိုး ခိုး ပြီး ချစ်
မင်းရဲ့ အပြိုင်းအရိုင်းအဝါရောင်တွေ
ငါ့ရင် လာလာစိုက်နေတာများ
ဘယ်လိုစိတ်နဲ့မှ ဆွဲနှုတ်မပစ်ရက်ပါ
ယောကျာ်းတစ်ယောက််ကို
ပန်းတစ်ပွင့်အဖြစ် ငါ နှိုင်းမယ်ကွယ်
မင်းက ငါ့ရဲ့ နေကြာရိုင်းလေးပဲ …. ။
#မြကျေး
#နေကြာရိုင်း

image