9 w - Translate

Uzumaki (200

Uzumaki (200

2000 ခုနှစ်ကထွက်ရှိခဲ့တဲ့ Japanese Horror, Sci-fi ကားလေးတစ်ခုဖြစ်ပြီး နာမည်ကျော် The Junji Ito Collection တို
Tomie တိုရဲ့ပဲ့ကိုင်ရှင်ဖြစ်တဲ့ Artist Junji Ito ရဲ့ Manga ကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

Junji Ito ရဲ့ထုံးစံအတိုင်း လျှိဝှက်ဆန်းကျယ်စွာနဲ့ ခြောက်လှန့်မယ့်၊ ကြောက်လန့်ရမယ့်ကားလေးဆိုလည်း မမှားပါဘူး။
ရှူးအိချိနဲ့ခီရိအဲတိုက ငယ်သူငယ်ချင်းတွေဖြစ်ပြီး ကျောင်းသွားကျောင်းပြန် အတူတူသွားလာနေကြလျက်ရှိပါတယ်။
တစ်နေ့ ခီရိအဲ ရှူးအိချိနဲ့ဆုံနေကျနေရာကိုသွားတဲ့လမ်းမှာ ရှူးအိချိရဲ့အဖေကိုတွေ့လို သွားနှုတ်ဆက်ချိန်မှာတော့ ရှူးအိချိအဖေက ပြန်မနှုတ်ဆက်ခဲ့ပါဘူး။
ရှူးအိချိအဖေက အုဇုမာကိလိုခေါ်တဲ့ ကြောင်လိမ်ပုံစံ အသွင်သဏ္ဍာန်တစ်ခုကို အလွန်စွဲလမ်းနေတဲ့လူတစ်ယောက်ပါ။
မြိုထဲလမ်းပတ်လျှောက်ရင်း အုဇုမာကိပုံစံတစ်ခုခုကိုတွေ့တိုင်း အိမ်ကိုပြန်သယ်လာတဲ့အထိ အစွန်းရောက်စွဲလမ်းနေတာပဲဖြစ်ပါတယ်။
ရှူးအိချိက သူ့အဖေရဲ့ မူမမှန်တဲ့ပုံစံတွေကိုကြည့်ရင်း မြိုကြီးက ထူးဆန်းနေတယ်ဆိုတာကို သတိထားမိလာပါတော့တယ်။
ဒီလိုနဲ့ ထူးဆန်းမှုတွေက ဆက်တိုက်ဖြစ်ပေါ်လာတဲ့အခါမှာတော့ တစ်မြိုလုံး ဘယ်လိုကံကြမ္မာကြီးနဲ့ ကြုံတွေ့လာရမလဲ။ အုဇုမာကိစွဲလမ်းမှုက ရိုးရှင်းရဲ့လား။

image