9 w - Translate

La-dy Snow-blood (1973)

IMDb - 7.6/10
Genre - Action, Thriller

ဒီဇာတ်ကားဟာ ဂျပန်နိုင်ငံမှ ပြသခဲ့တဲ့ ၁၉၇၃ ခုနှစ်မှာ ထွက်ခဲ့တဲ့ ဂန္ထဝင် ရုပ်ရှင်ကားပါ။ ရုပ်ရှင်ဟာ ၁၉၇၃ ခုနှစ်မှာ ထွက်ခဲ့တယ်ဆိုပေမယ့် အဲ့ခေတ်အခါရဲ့ အဆင့်အတန်းမြင့်တဲ့ action ဇာတ်လမ်းကောင်းကောင်းပါ။ Rotten Tomatoes မှာလည်း 100% ရရှိထားတဲ့ ရုပ်ရှင်ကားတစ်ကားမို့ ကြည့်ရှုသူတွေ သဘောကျစေမှာပါ။ မိခင် ဖြစ်သူရဲ့ မတရားခံရမှုတွေကို ကလဲ့စားလိုက်ချေတဲ့ သမီး ပုံစံမျိုးပါ။ ရုပ်ရှင်ဟာ ဂျပန် မဲဂျီခေတ်ကို အခြေခံထားပြီး နိုင်ငံရေးနောက်ခံတွေနဲ့ တည်ဆောက်ထားပါတယ်။ ဆာရို နဲ့ သူမရဲ့ ယောက်ျား ကလေး ဟာ လူလိမ်တစ်စုရဲ့ ညစ်ပတ်မှုကို ခံလိုက်ရပါတယ်။ ယောက်ျား ဖြစ်သူဟာ သူမရှေ့မှာတင် အသတ်ခံလိုက်ရပြီး သူမဟာ ထိုမကောင်းတဲ့သူတစ်စုရဲ့ မတရား အဓမ္မပြုကျင့်မှုကို ခံခဲ့ရပါတယ်။ ဒါကို ကလဲ့စားချေရင်း သူမဟာ ထောင်ကျခဲ့ပြီး သမီး လေးတစ်ယောက် မွေးဖွားခဲ့ကာ သူမရဲ့ သမီး ရူကီ သူမရဲ့ ကလဲ့စားကို ပြန်လည်ချေပတဲ့ ဇာတ်ကားလေးပါ။

image