9 w - Translate

ထောက်ကြန့်လမ်းဆုံက ပျောက်သွားတဲ့ ကလေးငယ်လေးကိုပါ ကူညီရှာဖွေပေးနေတဲ့ ခိုင်နှင်းဝေ
သရုပ်ဆောင် ခိုင်နှင်းဝေက ထောက်ကြန့်လမ်းဆုံမှာ အ yite ခံရတဲ့ သမီးလေးနဲ့ သူမရဲ့မိခင်တို့ဆီစုံစမ်းကာသွားရောက်ခဲ့တာပါ။ ပျောက်သွားတဲ့ ကလေးလေးကြောင့် ၃ နှစ်အရွယ် သမီးလေးကို yite နှက်ခဲ့တာဖြစ်ပြီးနောက်ထပ် ဒီလိုထပ်မလုပ်တော့ဘူးလို့ ခိုင်နှင်းဝေထံ ကတိပေးခဲ့တာပါ။ သူမကလည်း ထိုသားအမိရဲ့ နေရေးထိုင်ရေးနဲ့ အလုပ်အကိုင် စားသောက်စရိတ်ကိုတာ၀န်ယူမှာဖြစ်ကြောင်းကတိပေးခဲ့ပါတယ်။ ဒီနေ့မှာတော့ သမီးလေးနဲ့မိခင်ကို ၁ သိန်းတန် အိမ်ငှါးပေးခဲ့ကာ အသုံးစရိတ် ၁ သိန်းကျပ်နှင့် သမီးငယ်လေးကို ကျောင်းအပ်ပေးခဲ့တယ်လို့ သူမကပြောပါတယ်။ ဒါ့အပြင် ပျောက်ဆုံးသွားတဲ့ ကလေးငယ်လေးကိုပါ သက်ဆိုင်ရာနဲ့ရှာဖွေပေးနေတဲ့အကြောင်းပြောပါတယ်။

image