နောက်ထပ် သားယောက်ကျားလေးတစ်ဦးကို ပိုင်ဆိုင်ရတော့မယ့် ပိုးကြာဖြူခင် 🥰🥰🥰
သရုပ်ဆောင် ပိုးကြာဖြူခင် နောက်ဆုံးလွယ်ထားရတဲ့ ကိုယ်ဝန်ဟာ သားယောက်ကျားလေးဖြစ်တယ်လို့ သိရပါတယ်။ သူမဟာ ပထမအကြိမ်မှာလည်း စိန်ဥဥ ဆိုတဲ့ သားယောက်ကျားလေးကို မွေးဖွားခဲ့တာပါ။ အခုတစ်ကြိမ်နဲ့ဆိုရင် ဒုတိယမြောက် သားလေးကိုယ်ဝန်ကိုလွယ်ထားရတာပါ။ ခင်ပွန်းဖြစ်သူကတော့ သား ၃ ယောက် နဲ့ သမီး ၂ ယောက်ဖခင်ဖြစ်တော့မှာမို့ ပျော်ရွှင်ကြည်နူးနေတာကိုတွေ့ရပါတယ်။
