မြန်မာရုပ်ရှင်မင်းသား ဒေါင်း ပါဝင်သရုပ်ဆောင်ထားတဲ့ ထိတ်လန့်သည်းဖိုရုပ်ရှင် Omukade ရဲ့ ပထမဆုံး Trailer ထွက်လာပါပြီ။ ဂျပန်ရိုးရာ ပုံပြင်တွေကို အခြေခံထားတဲ့ ထိုင်းရုပ်ရှင်သစ် "Omukade" ဟာ Post-production အဆင့်မှာ ရှိနေပြီလို့သိရပါတယ်။
The 100 ဒါရိုက်တာ Pakphum Wongjinda နဲ့ Chalit Krileadmongkon တို့က ဒီရုပ်ရှင်ကို ရိုက်ကူးထားတာ ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုမှာတော့ ဖြန့်ချိခွင့် မရသေးဘူးလို့ သိရပါတယ် Trailer မှာတော့ တကယ့်ကို ထူးခြားဆန်းပြားပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ကင်းခြေများကြီးတွေ ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်မှာ Narilya Gulmongkolpech (The Medium), Daung (The Only Mom), James Laver (The Cave), Yasaka Chaisorn (The Medium), Hideki Nagayama, နဲ့ Ryota Omi တို့လို သရုပ်ဆောင်တွေ ပါဝင်ထားကြပါတယ်။
"Omukade" ရုပ်ရှင်ရဲ့ဇာတ်လမ်းကို ဒုတိယကမ္ဘာစစ်ကာလ၊ ဂျပန်က ထိုင်းကို သိမ်းပိုက်ထားချိန်မှာ ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။ ကျိန်စာသင့်နေတဲ့ မိုင်းတွင်းတစ်ခုထဲမှာ ဂျပန်စစ်သားတွေနဲ့ အကျဉ်းသားတွေ ပိတ်မိနေကြပါတယ်။ ရန်သူတွေကြား တင်းမာမှုတွေ အမြင့်ဆုံးရောက်နေချိန်မှာပဲ အရိပ်ထဲမှာ ပုန်းအောင်းနေတဲ့ ရှေးဟောင်း၊ ကြောက်စရာကောင်းတဲ့ သတ္တဝါ တစ်ကောင်နဲ့ ရင်ဆိုင်ရတာ ဖြစ်ပါတယ်။
ဒီလို တွေးမရနိုင်တဲ့ ကြောက်မက်ဖွယ်ရာ အခြေအနေကို ရင်ဆိုင်ရတဲ့အခါမှာ ရန်သူ မိတ်ဆွေဆိုတဲ့ အပိုင်းအခြားတွေ ပျောက်ကွယ်သွားပြီး၊ အရင်က ရန်သူတွေဟာ အသက်ရှင်ဖို့အတွက် သူတို့ရဲ့ ကွဲပြားမှုတွေကို ဘေးဖယ်ထားပြီး စည်းလုံးညီညွတ်ကြရတာ ဖြစ်ပါတယ်။
ရုပ်ရှင်အဖွဲ့သားတွေကတော့ "Omukade ဟာ သဘာဝလွန် ထိတ်လန့်မှု ဇာတ်လမ်းတစ်ခု ဖြစ်ရုံသာမက၊ အင်အားကြီးမားတဲ့ စစ်ဆန့်ကျင်ရေး သတင်းစကားပါ ဖြစ်ပါတယ်" လို့ ပြောထားပါတယ်။ လူသားတွေရဲ့ အကြီးမားဆုံး ရုန်းကန်မှုဟာ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေရတာ မဟုတ်ဘဲ၊ လူသားအားလုံးကို ခြိမ်းခြောက်နေတဲ့ အမှောင်ထုကို ကျော်လွှားနိုင်ဖို့ ဖြစ်တယ်ဆိုတာကို ပြသထားတယ်လို့ ဆိုပါတယ်။
ဒါရိုက်တာ Pakphum Wongjinda နဲ့ Chalit Krileadmongkon တို့ဟာ ယခင်ကလည်း ထိုင်း horror ရုပ်ရှင် "The 100" ကို ရိုက်ကူးခဲ့ဖူးပါတယ်။ အဲဒီရုပ်ရှင်ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာ အမေရိကန်မှာ "Creepy Crawly" နာမည်နဲ့ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒါရိုက်တာ Pakphum Wongjindaဟာ မြန်မာပြည်မှာလည်း မဖဲဝါရုပ်ရှင်ကို ခါရာ ၊ ပက်ထရစ်ရှာ၊ လီလီကျော်ခိုင် ၊ နော်ဖောအယ်ထားနဲ့ ထိုင်းသရုပ်ဆောင်တွေခေါ်ပြီး ရိုက်ကူးဖို့စီစဉ်ခဲ့ပေမဲ့ Covid 19 ကြောင့် မရိုက်ဖြစ်ပဲ ဖျက်သိမ်းခဲ့ရပါတယ်။
