စိုးကြီးအတွက် အကောင်းဆုံးဖြစ်လာမှာပါ🙏🙏🇲🇲💥💪
လာမယ့်ဩဂုတ်လမှာ အမေရိကန် ဒန်ဗာမြို့မှာကျင်းပမယ့် One Championship ပွဲကို နောက်နှစ် ဇွန်လထဲ ပြောင်းရွှေ့လိုက်ပါတယ်။ အကြောင်းက Stamp Fairtex ဒဏ်ရာထပ်ရထားလို့ပါတဲ့🥴😏
လွန်လွန်းပါတယ်ကွာ၊ သူဒဏ်ရာရရင်လည်း အခြားဖိုက်တာအစားထိုးလိုက်ပေါ့ဗျာ။ ဥက္ကဌကြီးကပြောပါသေးတယ် အမေရိကန်ပရိသတ်တွေကို အကောင်းဆုံးပွဲတွေပဲချပြချင်လို့ အခုလိုဖြစ်သွားရတာပါတဲ့၊ လက်မှတ်၀ယ်ထားတဲ့သူတွေကိုလည်းငွေပြန်အမ်းမယ်တဲ့၊ နောက်နှစ်ဇွန်လအထိစောင့်နိုင်ရင်တော့ လက်မှတ်သိမ်းထားကြဖို့လည်း ပြောထားပြန်ပါတယ်။
ဘာမှကိုမဆိုင်တာပါ၊ Stamp Fairtex ပွဲပျက်ရင် ခေါင်ပွဲ ရုရုနဲ့ မာလီခင်ပွဲတွေထည့်ပေါ့ဗျာ။ အခြားတွဲဆိုင်းတွေအများကြီးရှိပါသေးတယ်။ တကယ့်
ငစားတွေပါဗျာ၊ Stamp Fairtex ရဲ့ခါးပတ်ကိုလည်း ပြိုင်ဘက် ဖိလစ်ပိုင်ဖိုက်တာကို လွှဲပြောင်းလိုက်ပါပြီတဲ့၊ ကြာလိုက်တာ အစောကတည်းက လွှဲပေးသင့်နေပြီ။
အခုအမေရိကသွားဖို့ပြင်ဆင်နေတဲ့ စိုးကြီးက ဘာဆက်လုပ်ရမလဲ? နောက်နှစ်ထိစောင့်ရမှာလား? ဒါမှမဟုတ် ဘန်ကောက်မှာပဲထိုးရမှာလား? အမြန်တော့ပြန်လည်ကြေညာစေချင်ပါတယ်။
ဒီမွေးစားသားသမီးတွေနဲ့တော့ ချက်ထရီရဲ့ဆုံးဖြတ်ချက်က မမိုက်ပါဘူး 🥴
အမေရိကန် ပရိသတ်တွေဆိုရင် ပိုတောင်စိတ်ထိခိုက်နေလောက်ပြီ၊ နှစ်ကြိမ်တောင် ပွဲဖျက်တာတော့ မမိုက်ပါဘူး။ 😏😏💥💥
