Jurassic World: Rebirth မှာဆိုရင် မျိုးမတူတဲ့ ဒိုင်နိုဆောချင်းဖောင်းဒိုင်းကြပြီး အဆင့်မြှင့်တဲ့ Mutant ကောင်တွေပါလာမယ်လို့သိရပါတယ်။
ဒီထဲမှာ Distortus Rex နဲ့ Mutadon ဆိုတဲ့ မျိုးရိုးဗီဇပြောင်းဒိုင်နိုဆောတွေ ပါလာမယ်လို့သိရပါတယ်။
ဇာတ်လမ်းကတော့ Scarlett Johansson တို့ သိပ္ပံပညာရှင်တွေစုပြီး ဒိုင်နိုဆောတွေ ပြည့်နှက်နေတဲ့ နယ်မြေထဲကို ဝင်ပြီး DNA ယူဖို့ သွားကြတာကိုပြထားမှာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ တစ်ခါမှမမြင်ဖူးသေးတဲ့ မျိုးရိုးဗီဇပြောင်းဒိုင်နိုဆောတွေနဲ့ တွေ့ကြမှာဖြစ်ပါတယ်။
ဒီထဲမှာ Distortus Rex (ခေါ် ) D-Rex ကို ပြထားပြီး ဒါရိုက်တာပြောတာတော့ D-Rex ဆိုတဲ့ အကောင်က T-Rex နဲ့ Rancor နှစ်ကောင် ဖောင်းဒိုင်းပြီး ရထားသလိုပုံစံမျိုးလို့ ပြောလာပါတယ်။
“ဒီ D-Rex Design ကို ကျွန်တော်တကယ်သဘောကျတယ်။ ဒီအရုပ်ထွက်လာရင် ဝယ်ထားချင်တယ်” လို့ ဒါရိုက်တာက Empire မှာ ပြောထားပါတယ်။
D-Rex ကို Jurassic World: Rebirth ရဲ့ Trailer မှာ ခပ်ရေးရေးပြသွားပြီး Jurassic Park/Jurassic World ဇာတ်ကားတွေမှာ မြင်ခဲ့တဲ့ တကယ့်ဒိုင်နိုဆောတွေထက် အများကြီး ပိုကြောက်စရာကောင်းတယ်လို့သိရပါတယ်။
ပြီးတော့ Mutadon တွေရှိတယ်။ ဒါက တောင်ပံပါတဲ့ သားရဲတွေဖြစ်ပြီး ဇာတ်ညွှန်းရေးသူ David Koepp က “pterosaur နဲ့ Raptor ပေါင်းစပ်ထားတာ” လို့ ခေါ်ပါတယ်။
Jurassic World: Rebirth ထဲက ဒိုင်နိုင်ဆောတွေကတော့ အရင်ကထက် ပိုကြီး၊ ပိုကြမ်း၊ ပိုကြောက်စရာကောင်းတယ်လို့ ဒါရိုက်တာဖြစ်သူက ပြောထားပါတယ်။
