တာစတီဂန်ကတော့ ဒဏ်ရာက သက်သာလာပြီးနောက် ပထမဆုံးပွဲအဖြစ် ညက ဗယ်လာဒိုလစ်နဲ့ပွဲမှာ ဝင်ကစားခဲ့ပါပြီ။ ဒါကြောင့်လည်း ပွဲစပြီး ၅ မိနစ်အကြာမှာပဲ သူ ဂိုးပေးလိုက်ရပါတယ်။ 😃 ပြန်ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းချင်တာလားတော့ မသိဘူး။
ကံကောင်းတာကတော့ အသင်းက ချေပဂိုးနဲ့ အနိုင်ဂိုးတွေပြန်သွင်းပြီး အနိုင်ရခဲ့လို့သာပါ။ မဟုတ်ရင် သူ ပြန်ကစားတဲ့ပွဲမှာပဲ ရှုံးတယ်ဆိုပြီး နာမည်ကပျက်ဦးမယ်။ လက်ရှိပုံစံအတိုင်းဆိုရင်တော့ သူ လွယ်လွယ်နဲ့ နေရာပြန်ရမှာ မဟုတ်သေးဘူး။ ဟန်ဆီဖလစ်က အရေးကြီးပွဲတွေမှာ ဆက်ဇနီကိုပဲ သုံးဦးမှာ သေချာပါတယ်။
ဘာကာတို့ ချန်ပီယံလိဂ်ကစားရဖို့ရှိပေမယ့် လာလီဂါမှာတော့ နိုင်ပွဲရအောင် ယူသွားခဲ့ပါတယ်။ ရီးရဲလ်တို့ မကစားရသေးခင် ၇ မှတ်ဖြတ်ထားလိုက်ပြီး အေးရာအေးကြောင်းပါပဲ။
