9 ပတ် - ဘာသာပြန်ပါ။

မြန်မာငလျင်ဘေးအတွက် ယူကေအစိုးရမှ စတာလင်ပေါင် ၂၅ သန်း ထောက်ပံ့ထား‌ကြောင်း ဗြိတိသျှသံရုံး ရန်ကုန်မှ သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် အင်အားပြင်း မြေငလျင်လှုပ်ခတ်ပြီးနောက် အချိန်တစ်လကြာမြင့်ခဲ့ချိန်တွင် ယူကေအစိုးရသည် ထိခိုက်ခံစားခဲ့ရသူများနှင့်အတူ တသားတည်းရပ်တည်လျက်ရှိပြီး အသက်ကယ်ဆယ်ရေးနှင့် အရေးပေါ် လူသားချင်းစာနာမှုအကူအညီများ ဆက်လက် ပေးအပ်တုံ့ပြန်ဆောင်ရွက်လျက်ရှိ‌ကြောင်း ထုတ်ပြန်ထားသည်။

ယူကေအစိုးအနေဖြင့် ရန်ပုံငွေ စုစုပေါင်း စတာလင်ပေါင် ၂၅ သန်းအထိ ထောက်ပံ့ထားပြီး မိမိတို့၏ ပံ့ပိုးမှုများသည် ဒေသခံမိတ်ဖက်များမှတစ်ဆင့် အကူအညီလိုအပ်နေသူ ၁၁၆,၀၀၀ ကျော်ထံ ရောက်ရှိပြီး ဖြစ်‌ကြောင်း ထုတ်ပြန်ထားသည်။

image