#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ထိုင်းတွင် နိုင်ငံခြားသား ၉၀ ရာခိုင်နှုန်း Digital Arrival Card မှတ်ပုံတင်
ထိုင်းနိုင်ငံတွင် မေ ၁ ရက်ကနိုင်ငံခြားသား ၉ဝ ရာခိုင်နှုန်းသည် OnlineArrival Card ကို မှတ်ပုံတင်ခဲ့ကြကြောင်း Nation Thailand သတင်းဌာန၏ ရေးသားဖော်ပြချက်အရ သိရသည်။
ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက Online Arrival Card ကို မေ ၁ ရက်တွင်စတင်ကျင့်သုံးခဲ့ခြင်းဖြစ်ပြီး အဆိုပါ စတင်ကျင့်သုံးသည့် ပထမဦးဆုံးရက်မှာပင်နိုင်ငံခြားသား ၉ဝ ရာခိုင်နှုန်းက မှတ်ပုံတင်ခဲ့ကြခြင်းဖြစ်သည်ဟု ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး Nation Thailandက ဖော်ပြထား ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံတွင် ကျင့်သုံးနေသည့် Thailand Digital Arrival Card(TDAC)သည် စာရွက်စာတမ်းဖြည့်ရသော လူဝင်မှုကြီးကြပ်ရေးဖောင် TM.6 ကို အစားထိုးထားခြင်းဖြစ်သည်။ ထိုင်းနိုင်ငံသို့ လာရောက် ကြသည့် နိုင်ငံခြားသား အားလုံးသည် [a]www.tdac.immigration.go.th[/a] တွင် အွန်လိုင်းမှ မှတ်ပုံတင်ရန် လိုအပ်ကြောင်းနှင့် ထိုင်းနိုင်ငံသို့ မလာ ရောက်မီ သုံးရက်ခန့်က ကြိုတင်ပြီး ဖောင်ကို ဖြည့်နိုင်မည် ဖြစ်သည်။
TDACကိုမှတ်ပုံတင်ရန်အတွက် ပထမအဆင့်အနေဖြင့် www.tdac. immigration.go.th သို့ဝင်ရောက်ရမည်။ ထို့နောက် ကိုယ်ရေးကိုယ်တာနှင့် ခရီးသွားသတင်း အချက်အလက်များကို ဖြည့်ရန်၊ ဖောင်ကိုပေးပို့ပြီး အတည်ပြုသည့်အီးမေးလ်ကိုလက်ခံရန်၊ ထိုင်းကိုရောက်သည့်အချိန်တွင် ခရီးသွားစာရွက်စာတမ်းများနှင့်အတူ အတည်ပြုထားသော အီးမေးလ်ကို ပြသရန်တို့ဖြစ်သည်။ အဆိုပါ TDAC Website ကို အင်္ဂလိပ်၊ တရုတ်၊ ကိုရီးယား၊ ရုရှား၊ ဂျပန် စသည့် ဘာသာစကားငါးမျိုးဖြင့် ဝန်ဆောင်မှုပေးထားကြောင်း သိရသည်။
Source; Nation Thailand
