9 ပတ် - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◼ ငလျင်ဘေးဒဏ်သင့်အင်းလေး၌ အမိုးအကာများအရေးပေါ်လိုအပ်နေ
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ ငလျင်ဘေးဒဏ်သင့်အင်းလေးဒေသ၌ အမိုးအကာများအ‌ရေးပေါ်လိုအပ်နေကြောင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေသူများကပြောသည်။
ညောင်ရွှေမြို့ အင်းလေးဒေသတွင်အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့မှုကြောင့် ဇရပ်ကြီးကျေးရွာ၊ ဇရပ်ကြီးဘုန်းကြီးကျောင်းရှိ အပျက်အစီးများရှင်းလင်းခြင်း၊ နန်းပန်မြို့၊ ကြာတောကျေးရွာရှိ လူနေအိမ်အပျက်အစီးများရှင်းလင်းခြင်း၊ အင်းခြံကေလာကျေးရွာ၊ နမ့်ဟူးကျေးရွာ၊ ဖောင်တော်ဦး ဘုရားတို့ရှိ အပျက်အစီးများအား ညောင်ရွှေမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ရှင်းလင်းရေးလုပ်ငန်များ ဆောင်ရွက်ပေးလျက်ရှိ‌ကြောင်း သိရသည်။
"ကူညီကယ်ဆယ်ရေးတော့ပြီးသွားပြီး။ အခုပြန်လည်ထူထောင်ရေးဘက်ကိုသွားနေပါတယ်။ တချို့ အိမ်တွေကတော့ပျက်စီးမှုနည်းတော့ပြန်လည်ပြုပြင်လို့ရတယ်။ တချို့ကတော့လုံးဝပြိုသွားတယ်။ သူတို့အတွက်အသစ်ပြန်ဆောက်ရမှာဆိုတော့ ငွေကြေးကလိုပြီ။ သူတိုမှာလည်းမရှိ၊ လှူတဲ့သူ ကလည်း မရှိဘူး။ ဒီကြားထဲမိုးကလည်းရွာတော့ သူတို့မှာခက်ခဲနေကြတယ်။ သူတို့တွေအတွက် အခုအရေးပေါ် လိုအပ်နေတာကယာယီအိမ်ဆောက်ဖို့ အမိုးနဲ့အကာအတွက် တာပေါ်လင်များလိုအပ်နေပါတယ်" ဟု ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောက်ရွက်နေသည့် ပရဟိတအသင်းသား တစ်ဦးကပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့်အင်အားပြင်းကြောင့် အင်းလေးဒေသ၌လူဦးရေ ၄၀ ခန့်သေဆုံပြီး အိမ်ခြေ ၂၇၀၀ ကျော်ပျက်စီးခဲ့ကြောင်း သိရသည်။
သတင်း - ပိုင်လေး

image