9 w - Translate

#ပြည်တွင်းသတင်း
◼ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ မိုးကောင်းတံတား ဒုတိယအကြိမ်မိုင်းခွဲခံရ
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မော်လမြိုင် - သထုံ - ရန်ကုန် ပြည်ထောင်စုကားလမ်းမပေါ်ရှိ မိုးကောင်းတံတား ယမန်နေ့ (မေ ၃ ရက်) ည ၉ နာရီ ၁၁ မိနစ်ခန့်တွင်မိုင်းခွဲဖျက်ဆီခံရကြောင်း သထုံမြို့နယ်မှဒေသခံတစ်ဦးက ပြောသည်။
အဆိုပါဖောက်ခွဲမှုမှာ ဒုတိယအကြိမ် ဖောက်ခွဲဖျက်ဆီးခံရခြင်းဖြစ်ကြောင်း၊ လက်ရှိတွင်တံတားမှာ ပြိုကျပျက်စီးသွားသည့်အတွက်ယနေ့နံနက်ပိုင်မှစတင်ကာ Express ကားများနှင့်ကုန်ကားကြီးများမှာဖြတ်သန်းခွင့်မရဘဲလမ်းပိတ်မှုများဖြစ်ပွားနေကြောင်းသိရသည်။
“ဘီးလင်း ကနေစပြီးအခုလမ်းပိတ်ထားပါတယ်။ Express နဲ့ ကုန်ကားတွေ လုံးဝပေးမသွားတော့ဘူး။​ အိမ်စီးကားတွေကတော့ ရွာထဲကနေပတ်ပြီးသွားနေတယ်"ဟု သထုံမြို့မှဒေသခံတစ်ဦးကပြောသည်။
မိုးကောင်းတံတားသည် မော်လမြိုင် - သထုံ - ရန်ကုန် လမ်းမကြီးပေါ်တွင် တည်ရှိပြီး ၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီ ၂၈ ရက်တွင်လည်းတစ်ကြိမ် မိုင်းခွဲခံရပြီး ယခု မိုင်းခွဲခံရမှုမှာ ဒုတိယအကြိမ်ဖြစ်ကြောင်းသိရသည်။
သတင်း - ပိုင်လေး
ဓတ်ပုံ - CJ

image