နိုင်ငံတကာသတင်းတိုများ
၁။အမေရိကန်နိုင်ငံ၊လော်စ်အိန်ဂျယ်လိမြိုဆင်ခြေဖုံးရှိစပါတန်အာကာသနည်းပညာကောလိပ်ကိုသောကြာနေ့ကသေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်ရာအမျိုးသမီးနှစ်ဦးဒဏ်ရာရပြီးသေနတ်သမားမှာလွတ်မြောက်နေဆဲဖြစ်သည်။
၂။အမေရိကန်ကဆော်ဒီအာရေဗျနိုင်ငံသိုဒုံးကျည်ဒေါ်လာ၃.၅ဘီလီယံဖိုးရောင်းချရန်အတည်ပြုလိုက်သည်။
၃။ယူကရိန်းစစ်တပ်သည်အင်အားဖြည့်တင်းရန်အတွက်ဘားများကလပ်များတွင်အရွယ်ရောက်သူအမျိုးသားများကိုဝင်ရောက်ဖမ်းဆီးလျက်ရှိသည်။
၄။ဂျာမနီတန်ပြန်ထောက်လှမ်းရေးအဖွဲကအရှေ့ဂျာမနီလူထု၏တစ်ခဲနက်ထောက်ခံမှုရထားသောAfDပါတီကိုလက်ယာစွန်းရောက်ပါတီအဖြစ်သတ်မှတ်ခြင်းကိုအမေရိကန်ဒုတိယသမ္မတဗန့်စ်ကပြစ်တင်ဝေဖန်လိုက်သည်။
၅။အိန္ဒိယနှင့်စစ်ဖြစ်လုနီးပါးတင်းမာနေသောပါကစ္စတန်သည်ယနေ့မြေပြင်မှမြေပြင်ပစ်အက်ဘ်ဒါလီဒုံးကျည်စနစ်ကိုစမ်းသပ်ပစ်ခတ်ခဲ့သည်။
NOM