#နိုင်ငံတကာသတင်း
◼ချီလီနှင့်အာဂျင်တီးနားတွင် ၇ ဒသမ ၄ အဆင့်ရှိအင်အားပြင်းငလျင်လှုပ်ခတ်
ယနေ့(မေ ၂ ရက်) ဒေသစံတော်ချိန်နံနက် ၉ နာရီ ၅၈ မိ နစ်(မြန်မာစံတော်ချိန်ယနေ့ညနှောင်းပိုင်း)တွင်ချီလီ တောင်ပိုင်းကမ်းရိုးတန်းနှင့် အာဂျင်တီးနားနိုင်ငံ တို့၌ရစ်ခ်ျတာစကေး ၇ဒသမ ၄ အဆင့်ရှိအင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိလေ့လာရေးဌာနက ပြောကြားသည်။
လက်ရှိတွင်ပျက်စီးဆုံးရှုံးမှု သို့မဟုတ် ထိခိုက်သေဆုံးမှုမရှိကြောင်း ကနဦးသတင်းထုတ်ပြန်ထားသည်။
နိုင်ငံတောင်ဘက်စွန်းရှိ မက်ဂယ်လန်ရေလက်ကြားရှိ ကမ်း ရိုးတန်းဒေသတစ်ခုလုံးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ချီလီအာဏာပိုင်များက သတိပေးချက်ထုတ်ပြန်ခဲ့သည်။
ဆူနာမီသတိပေးချက်တစ်ခုကြောင့် မက်ဂယ်လန်ဒေသရှိ ကမ်းရိုးတန်းပိုင်းများအတွက် ဘေးကင်းဇုန်သို့ ရွှေ့ပြောင်းရန် ညွှန်ကြားထားကြောင်း ချီလီ သဘာဝဘေးကာကွယ်ရေးနှင့် တုံ့ပြန်ရေးဆိုင်ရာ အမျိုးသားဝန်ဆောင်မှုဌာနက အများပြည်သူဆိုင်ရာသတင်းပေးချက်တွင် ပြောကြားသည်။
ထို့ပြင်ချီလီအန္တာတိကပိုင်နက်ရှိ ကမ်းခြေဒေသအားလုံးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန်လည်း တောင်းဆိုထားသည်။
ဖြစ်နိုင်ရှိသော အရေးပေါ်အခြေအနေများကို တုံ့ပြန်ရန်အတွက် အရင်းအမြစ်အားလုံးအသင့်ရှိကြောင်းဟု ချီလီသမ္မတ ဂါဘရီရယ် ဘောရစ်က ဆိုရှယ်မီဒီယာX တွင် ရေးသားထားသည်။
"မက်ဂါလန်ဒေသတစ်လျှောက် ကမ်းရိုးတန်းဒေသကို ရွှေ့ပြောင်းဖို့ ကျွန်တော်တို့ တောင်းဆိုနေပါတယ်၊ အခုအချိန်မှာတော့ ကျွန်တော်တို့ တာဝန်က အာဏာပိုင်တွေဂရုစိုက်ပြီး ပြင်ဆင်ထားဖို့ပါပဲ။ ဟု ဘောရစ် က ပြောသည်။
ကမ္ဘာ့တောင်ဘက်အကျဆုံးမြို့အဖြစ် သတ်မှတ်ခံထားရသော အာဂျင်တီးနားမြို့ အူရွှိင်ရာတွင် ထိခိုက် ပျက်စီးခြင်း သို့မဟုတ် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရခြင်း မရှိကြောင်း ဒေသဆိုင်ရာအာဏာပိုင်များ၏ပြောကြားချက်အရ သိရသည်။
"ငလျင်လှုပ်တာကို အူရွှိင်ရာမြို့မှာ အဓိကခံစားခဲ့ရပြီး ပြည် နယ်တဝှမ်းက မြို့တွေမှာတော့ အနည်းအကျဉ်းပဲခံစားရပါတယ်။“ဒီလို အဖြစ်အပျက်မျိုးတွေ ကြုံရတဲ့အခါ စိတ်တည် ငြိမ်ဖို့က အရေးကြီးပါတယ်။ ဟု ဒေသဆိုင်ရာ အစိုးရက သတင်းထုတ်ပြန်သည်။
ငလျင်၏ဗဟိုချက်မှာအူရွှိုင်ရာမြို့ ၏တောင်ဘက် ၂၁၉ ကီလိုမီတာ (၁၇၃မိုင်) အကွာရှိ သမုဒ္ဒရာအောက်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း USGS က ပြောကြားသည်။
သတင်း-လင်းခေတ်
ကိုးကား- Aljazeera

image