#ယနေ့ထုတ်သတင်းစာ_သတင်း
◼ OWIC ကတ်ထုတ်ပေးမှုဆိုင်းငံ့ထားသည့်အတွက် အခက်အခဲ ကြုံတွေ့ နေရသူများအတွက် ဆွေးနွေးအကြံပေးရေးစင်တာ ဖွင့်လှစ်ထား
OWIC ကတ်ထုတ်ပေးမှုဆိုင်းငံ့ထားသည့်အတွက် အခက်အခဲ ကြုံတွေ့နေရသူများ ဆွေးနွေးအကြံပေးရေးစင်တာ ဖွင့်လှစ်ထားကြောင်း မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးက ထုတ်ပြန်ထားသည်။
ဂျပန်ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်ရန် သို့မဟုတ် လေ့ကျင့်ရေးသင်တန်းသားအဖြစ် လုပ်ကိုင်ရန် စီစဉ်ထားပြီး OWIC ကတ်ထုတ်ပေးမှု ဆိုင်းငံ့ထားသည့်အတွက် အခက်အခဲကြုံတွေ့နေရသူ မြန်မာနိုင်ငံသားများအတွက် ဆွေးနွေးအကြံပေးရေးစင်တာ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးသည် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)၊ မြန်မာ-ဂျပန်စင်တာ(MJC) တို့နှင့်ပူးပေါင်း၍ဂျပန်ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်ရန် သို့မဟုတ် လေ့ကျင့်ရေးသင်တန်းသားအဖြစ်လုပ်ကိုင်ရန်စီစဉ်ထားပြီး Overseas Worker Identification Card (OWIC) ကတ်ထုတ်ပေးမှုဆိုင်းငံ့ထားသည့်အတွက် အခက်အခဲနှင့် စိုးရိမ်ပူပန်မှုများကြုံတွေ့နေရသူ မြန်မာနိုင်ငံသားများအတွက် ဆွေးနွေးအကြံပေးရေးစင်တာကို ဧပြီ ၇ ရက်မှစတင်ကာ ဇွန် ၆ ရက်အထိ မြန်မာ-ဂျပန်စင်တာတွင် အချိန်ကာလ အကန့်အသတ်ဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။
အလုပ်သမားစေလွှတ်ရေး အေဂျင်စီ၊ ပညာသင်ကြားရေး၊ စိတ်ပိုင်းဆိုင်ရာစောင့်ရှောက်ရေး၊ ဥပဒေရေးရာ စသဖြင့် ဆိုင်ရာကဏ္ဍများစွာအလိုက် ကျွမ်းကျင်ပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်နိုင်ရန် စီစဉ်ထားသည့်အတွက် လာရောက်၍ ဝန်ဆောင်မှုများ ရယူနိုင်ကြောင်း သိရသည်။
