10 w - Translate

App Store ကော်မရှင်ခ ၃၀% ဆုံးသွားတဲ့ Apple

ဒီတစ်ချီတော့ Apple တော်တော် ထိသွားပြီလို့ ပြောရမှာပါ။

App Store အပြင်ဘက် ဝယ်ယူမှုတွေမှာ အရင်လို ကော်မရှင်ခ ကောက်လို့မရတော့ပါဘူး။ အရင် Epic Games ကို ရှုံးခဲ့တဲ့အမှုတုန်းက ကိုင်ခဲ့တဲ့ တရားသူကြီးကပဲ အမိန့်ချတာပါ။

အမိန့်အတိုင်းဆို Apple App Store မှာ iOS apps တွေဆီ အပြင်က ငွေပေးချေတဲ့ links တွေ လိုက်ပိတ်ပွင့် မရှိတော့ပါဘူး။ in-app payment တွေ မှာလည်း အရင်လို ၃၀% ကောက်လို့လည်း မရတော့ပါဘူး။

အမေရိကန်က Apple App Store ပေါ် ပိုက်ဆံရှာနေတဲ့ ကုမ္ပဏီတွေတော့ ပျော်နေတော့မှာပါ။ ကုမ္ပဏီတွေကလည်း App Store အပြောင်းအလဲကို အခွင့်ကောင်းယူပြီး apps တွေ update လုပ်လာကြပါတယ်။ တစ်နေ့ကပဲ Spotify က သူ့ app update မှာ web ထဲ payment လုပ်နိုင်တဲ့ links တွေ ထည့်လာပါတယ်။

image